part 7

8.1K 741 44
                                    


"တကယ်ကြီး...!!!
တကယ်ကြီးပေါ့"

မျက်နှာချင်းထိလုမတတ်ကပ်လာပြီး တအံတသြမေးနေသည့်တိမ်ပါပင်
ကျန်တဲ့နှစ်ယောက်ကလည်း ပါးစပ်မစိနိုင်တော့

"ခဏ.ခဏလေး
ငါတွက်ကြည့်ဦးမယ် ခြောက်နှစ်ကသူငယ်တန်းဆိုတော့ ရှစ်တန်းဆို ဆယ့်လေးနှစ် ငါတို့ကျတာနှစ်နှစ်ဆိုတော့ ဆယ့်ခြောက် မင်းက ဆယ်နှစ်သားကဆိုတော့
ဆယ့် ဆယ့်ရှစ်နှစ်လား.... !!"

လွှာ အလန့်တကြားလက်ထောင်ပြကာ
မေးလာသည်
ဆက်ကြွေ အေးဆေးစွာ ခေါင်းသာငြိမ့်ပြလိုက်ကာ
စိတ်ထဲကြိတ်ကာ ကျေနပ်နေမိသည်

သို့ပေသည့်တိုင် နိုင်းက ဆက်ကြွေကိုမရဲတရဲကြည့်ကာ
အထွန့်တတ်လာသည်

"ဒါပေမယ့် မင်းက ငါ့တို့ထက် ငယ်မယ့်ပုံပဲကို"

"ငါကနုပြီးချောတာကိုး...မထင်ရဘူးမလား ဟင်..."

မျက်ခုံးတစ်ဖက်ကို အောင်နိုင်သူလိုပင့်တင့်ရင်း
နိုင်းရှေ့တိုးကာ နဖူးချင်းတိုက်လိုက်တော့ ရုတ်တရက်မို့ထင် နောက်ပြန်လှဲကျသွားသည်

ဆက်ကြွေ တိုက်လိုက်တာ မရှိန်မပါပေမယ့်
တကယ်ကို ပက်လက်လှန် လှဲကျသွားသည့်တဲ့
ဆက်ကြွေ ဘာပြောရမှန်းမသိအံသြနေတုန်း
သူ့နဖူးသူကိုင်ကာ ထလာပြီး

"ငါ့နဖူး စိုးရိမ်ရတဲ့အခြေနေရောက်နေပြီ"

နိုင်း အဆိုကြောင့် ဆက်ကြွေမျက်လုံးပြူးသွားရသည်
သူတိုက်လိုက်တာမှန်ပေမယ့် ဖွဖွလေးပဲလေ

"ငါထိတယ်ဆိုရုံလေးထိ"

"ဆေးခန်းပြရတော့မယ်"

ဆက်ကြွေသိလိုက်ပါပြီ
လန်ကြုတ်ကြီးဆိုတာကို ဂျပုကောင်က သက်သက်ငွေညစ်ချင်နေသည်

"ဘယ်လောက်လဲ မင်းနဖူးက"

ဆက်ကြွေ အမြင်ကပ်တာမို့ ခပ်ရွဲ့ရွဲ့ပြောလိုက်မိတော့
ပြဲလန်နေအောင် ထအော်ပါတဲ့ ဂျပုကောင်

"ဆေးဖိုးထည့်ပြောကွ ဆေးဖိုး "

"အေးအေး ဆေးဖိုးပါကွာ ဆေးဖိုးဘယ်လောက်လဲ"

"ဆေးဖိုးကသုံးသောင်း ထမင်းဖိုးကနှစ်သောင်း
ပေါင်း တစ်သိန်း"

So love you💗 So love me (Completed ) Where stories live. Discover now