"ဆက်ကြွေ မင်းသိလား မင်းအခန်းကတော်တော်ကောင်းတဲ့အပြင်
မင်းအိမ်ကလည်း တော်တော်လေးကိုကောင်းတယ်
အရမ်းအရမ်းကိုကောင်းတာ"မပြီးနိုင်မစီးနိုင် ချီးမွန်းခန်းဖွင့်သံတွေကို ဆက်ကြွေပြန်ဖြေချင်စိတ်မရှိတော့
ကားနောက်ခုံကိုမှီကာပဲ ကျူရှင်မြန်မြန်ရောက်ပါစေဆုတောင်းနေမိသည်
အခန်းထဲတုန်းကလည်း အခန်းထဲတုန်းကမလို့
ပြောလိုက်တဲ့ကောင်းကြောင်းတွေ များလိုက်တဲ့စကား
သူမလို့မမောတာ သူ့နေရာမှာသာ ဆက်ကြွေသာဆို
အမောဖောက်ပြီး အသက်တောင်ထွက်နေလောက်ပြီကျူရှင် ရောက်တာနဲ့ ကားပေါ်ကပြေးဆင်းသွားတဲ့
ဂျပုကောင်....
နုတ်ဆက်တာလေးတောင်လုပ်မသွားဘူးနုတ်ဆက်ခံချင်လွန်းလွန်းတော့မဟုတ်ပေမယ့်
လူမူရေးနားမလည်သည့်အတွက် ဆက်ကြွေမကျေမနပ်ဖြစ်မိသည်
နောက်ပြီး ပါးစပ်ကလည်း ကျူရှင်ထဲမဝင်ရဘေူး
အော်သွားသေးသည်"တိမ်.....လွှာ.....ငါနင်တို့ကိုပြောစရာရှိတယ်
လွှာ...နင်ရောက်ပြီလား..."အမြင်ကပ်မိသည်
ဘာမှန်းမသိတဲ့ လူတွေလက်ကကယ်ပေးလာတဲ့သူ့ကျ
ဒီလောက် ဝမ်းပန်းတသာတစ်ခါမှမပြောခဲ့ပဲနဲ့
သူ့သူငယ်ချင်းတွေသာခေါင်းထဲရှိနေသည်လေကျောင်းသားလေး ဆင်းပြေးသွားသည့်တိုင်
သုန်မူန်နေတဲ့မျက်နှာနဲ့ ကားပေါ်ထိုင်နေဆဲ သခင်လေးကြောင့် တူးအောင် ရယ်မိသည်"တိမ်နဲ့လွှာတဲ့လား သခင်လေး
သခင်လေးကို စိတ်မကြည်အောင်လုပ်တာ"ရုပ်တည်ကာ ခပ်တည်တည်နဲ့ နောက်လိုက်တော့
ခပ်ပြင်းပြင်းအကြည့်တစ်ချက်က တူးအောင်စီဒိုင်းခနဲ"ဦးတူး ဘာတွေလာပြောနေတာလဲ
စိတ်ပျက်စရာ"ဆောင့်အောင့်ကာ ဒေါကြီးမောကြီး ကားပေါ်ကဆင်းသွားတဲ့ သခင်းလေးပုံကြောင့်
တူးအောင် ရယ်မိတော့သည်သူတို့ရဲ့သခင်လေးကို ဒီလိုလူသားဆန်ဆန်လေးမြင်ရဖို့
ဘယ်လောက်တောင် ဆုတောင်းခဲ့ရလဲ.....
.
.
.
.
.
.
............................................................"ဖြစ်သမျှကတော့ အဲဒါပဲ ငါတော်တော်လန့်သွားတာဟ
ဆက်ကြွေရှိနေလို့တော်သေးတယ်"
YOU ARE READING
So love you💗 So love me (Completed )