part 15

7.9K 743 35
                                    


နောက်တစ်နေ့မနက် ညနေခင်း.....။

ဧည့်ခန်းထဲမှာလူစုံနေပြီး အလုပ်သမားတွေကစရှိနေသည်။
ဆက်ကြွေ၊နိုင်းနဲ့တိမ်နဲ့လွှာအပြင် ဦးတူး၊ကိုစိုင်းနဲ့အလကာင်္ရယ် တူးအောင်ရဲ့နောက်လိုက်နောက်ပါတချို့ကပါ ဘေးနားမှာဝိုင်းနေကျသည်။

အကုန်လုံးမျက်နှာမှာ ပြုံးစိစိနဲ့တစ်ယောက်မှစကားမစသေးကျပဲ နိုင်းကိုပဲဝိုင်းကြည့်နေကျသည်။

ကိုစိုင်းကပင် တိတ်ဆိတ်မူကိုဖြိုခွဲလိုက်ပြီး

"ဆိုပါဦး ကိုယ်ဖုန်းပြောတာကိုဘာတွေများကြားသွားခဲ့လို့
ဒီလောက်အထင်လွဲသွားရတာလဲ"

နိုင်း ကူကယ်ရာမဲ့စွာ ဆက်ကြွေကိုအကူညီတောင်းသလိုကြည့်လိုက်ပေမယ့် ပြုံးစိစိနဲ့မျက်နှာလွဲသွားတာကြောင့် ငိုမဲ့မဲ့ပင်ဖြစ်နေလေပြီ။
အဖြေစောင့်နေစဲဖြစ်တဲ့ကိုစိုင်းကြောင့် တံတွေးကိုဂလုခနဲမျိုချလိုက်ရင်း

"အဲ ...ဟို...
သက်တော်စောင့်ကောင်ကိုပထုတ်ထားတုန်းအပြတ်ရှင်းလိုက်တဲ့ ဖုန်းချပြီးတော့ ငါ့အတွက်ညီမလိုဘူးဆိုပြီးတော့...ပြော..ပြော"

နိုင်းစကားတောင်မဆုံးလိုက် ရယ်သံနက်နက်ကြီးကဖြတ်ဝင်လာလေသည်။

"ဟားဟားဟား... !!!
ငါက လုပ်ငန်းစုတစ်ခုကိုရှင်းဖို့ ကိုတူးစီဖုန်းလှမ်းဆက်တာ"

"ဗျာ..."

နိုင်းအံသြစွာ ဦးတူးစီလှမ်းကြည့်လိုက်တော့ တခွီးခွီးကြိတ်ရယ်နေလေသည်။

"ဟုတ်ပါတယ် ကျနော့်စီဆက်တာပါ"

ဦးတူးစကားကြောင့် ဧည့်ခန်းထဲရှိကျန်လူများကပါ ဘယ်ချိန်ထဲက ထိန်းထားလဲမသိတဲ့ရယ်ချက်စိတ်တွေကိုဖွင့်ကာ ခွက်ထိုးခွက်လန်ရယ်ကုန်တော့သည်။
နို်ူင်းမှာသာခေါင်းလေးငုံ့ပြီး မျက်နှာမဖော်ရဲ။

ထို့နောက် ကိုစိုင်းကပင်ဆက်ပြောလာသည်။

"ပြီးတော့ မင်းကနားကြားလွဲသွားတာ ငါ့ညီသိစရာမလိုဘူးလို့ပြောတာ ဟားဟားဟား ဟားဟား
အဖေက ဆက်ကိုပါအသိပေးခိုင်းပြီး ကူလုပ်ခိုင်းဖို့ပြောလို့ "

So love you💗 So love me (Completed ) Where stories live. Discover now