part 9

8K 706 19
                                    


(မနက်3နာရီ)

ပတ်တီးအဖွေးသားနဲ့ မွေ့ယာထက်မှာမလူပ်မယှက်ငြိမ်သက်နေတဲ့ နိုင်းကိုကြည့်ပြီး ဆက်ကြွေရဲတင်းတင်းဆုပ်ထားတဲ့ လက်သီးကမပြေနိုင်ခဲ့ပြီတည့်

"အသက်အန္တာမစိုးရိမ်ရတော့ဘူးဆိုပေမယ့်
တချို့ဒဏ်ရာတွေကအရမ်းနက်တယ် အချိန်တော်တော်ကြာအနားယူရလိမ့်ယ်"

ဒေါက်တာရဲ့စကားတွေက ဆက်ကြွေနားထဲ မကြားတစ်ချက်ကြားတစ်ချက်နဲ့

မော့တောင်မကြည့်တဲ့ ဆက်ကြွေကြောင့် မင်းမောင်ဘာဆက်ပြောရမှန်းတောင်မသိတော့
ရှေ့ကစကားတွေရော ကြားမှကြားရဲ့လား

နောက်ဆုံး တူးအောင်ကပဲ အခန်းပြင်ဘက်လာဖို့အချက်ပြတာကြောင့် ထွက်လာခဲ့ရသည်

"ဘာလဲဟ မင်းသခင်လေးက
သူ့ဘာသာရိုက်ထားပြီးစိတ်မကောင်းဖြစ်နေတာလား
ကြည့်မကောင်းလိုက်တာ"

"လျောက်မပြောနဲ့ အဲလိုမဟုတ်ဘူး"

"ဘာပဲဖြစ်ဖြစ်ပါ ဒီလောက ကတော့ ဒါတွေချည်းပဲ
နည်းနည်းတော့ဂရုစိုက်ပေးလိုက်ဦး ငါပြန်တော့မယ်"

"ကားသေချာမောင်းဦး လိုက်မပို့တော့ဘူး"

လှေကားကနေဆင်းနေရင်း နောက်ပြန်တာ့တာပြသွားတဲ့ မင်းမောင်ဆိုတာ
သူငယ်တန်းကတည်းက လည်ပင်းဖက်ပေါင်းလာတဲ့
ငယ်သူချင်း

အရွယ်ရောက်လာသည့်တိုင်လျောက်ရာလမ်းတွေလည်းမတူညီတော့
ပြည့်စုံတဲ့မိသားစုကသက်ဆင်းလာတဲ့ မင်းမောင်က မိဘတွေသဘောကျ ဆေးလိုင်းကိုရွေးချယ်ခဲ့သည်

တူးအောင်ကတော့ ကိုယ့်ဘဝကိုယ် စိတ်ကြိုက်ရွေးချယ်ခွင့်မရှိတဲ့လူ
လူမှန်းမသိတတ်ခင်တည်းက လမ်းမပေါ်ပြစ်ထားခံရတဲ့တူးအောင်ကို သခင်ကြီးက
ကျွေးမွေးစောင့်ရှောက်ပေးခဲ့ပြီး ဘက်စုံတော်နေအောင်ပျိုးထောင်ပေးခဲ့သည်
သခင်ကြီးရဲ့ရည်ရွယ်ချက်ကတစ်ခုတည်း
မိသားစုတစ်ခုလုံးရဲ့ သဲသဲလူပ်ဖြစ်တဲ့ အငယ်ဆုံးသခင်ဆုံးလေးကို စောင့်ရှောက်ဖို့

ခပ်ဟဟဖြစ်နေတဲ့ တံခါးကိုအသာတွန်းဖွင့်ရင်း
သခင်လေးနောက်မှာ ရပ်ရင်း ခေါင်းငုံထားမိသည်
အမှတ်တမဲ့ တန်းမကြည့်မိတဲ့ စာလေးတစ်ကြောင်းကြောင့် ဒီလောက်ထိဖြစ်သွားခဲ့ပြီ

So love you💗 So love me (Completed ) Where stories live. Discover now