part 4

8.4K 714 36
                                    

"ဆက်ကြွေ ဘောပင်အပိုပါလားဟင်"

မေးသံကြောင့် ဆက်ကြွေ စာရေးနေတာ ခဏရပ်ပြီး
မော့ကြည့်လိုက်မိသည်
ဟိုဂျပုကောင်...

"ကျောင်းလာတာ ဘောပင်လေးတောင်မပါဘူးလား"

ဆက်ကြွေ ဂျိုကြည့်ကြည့်ကာ မေးလိုက်သည်
ဟုတ်သည်လေ မပါသည်ဆိုဦးတော့
သူ့ဘေးနားပက်လည်ကလူတွေစီက ငှါးလည်းရနေသည်ကို တကူးတက ဒီလူ့စီလာငှါးနေသည်က စိတ်တိုဖို့မကောင်းဘူးလား

နိုင်းကတော့ သွားသုံးဆယ့်နှစ်ချောင်းခုံးပေါ်အောင်ကိုပြုံးဖြီးနေကာ

"မင်းကလည်းကွာ တစ်တန်းထဲသားချင်းတွေပဲကို
လုပ်ပါ မင်းမှာအပိုတွေအများကြီးပါမှာပါ "

ဆက်ကြွေ စိတ်ရူပ်ရသည်ကို အင်မတန်မှမနှစ်မြို့ပေ
အဆိုးဆုံးက ခုလိုမကြိုက်တာတွေ ခဏခဏလာပြောနေခြင်းပင်

ဆက်ပြီးပြောရင်လည်း မပြီးနိုင်အောင်အထွန့်တတ်လာမှာကို သိနေတာကြောင့်
ဘာမှမပြောတော့ပဲ ဘောပင်တစ်ချောင်းထုတ်ပေးလိုက်ရသည်

"ကျေးဇူး"

ခပ်ပေါ့ပေါ့လေး ပြောကာ သူထိုင်ခုံစီ ကော့တော့ကော့တော့နဲ့ပြန်သွားလေသည်

ကျေးဇူးတောင် လူလိုမတင်ပဲ လိုချင်တာရတော့
လှည့်ပြန်သွားသည်တည့်
အကျင့်ကိုက ဒါကြောင့်ဒင်းအရပ်ပုနေတာ...

.
.
.
.
.
.
.
.............................................................

ဗိုက်ထဲက မြည်သံတွေနဲ့အတူ မအောင့်တော့၍
တီချယ်စီ ခွင့်တောင်းပြီး အိမ်သာစီပြေးလာခဲ့ရသည်
ဘာများအစားမှားမိပါလိမ့်လို့တွေးရင်း တံခါးဆွဲဖွင့်မည်အလုပ် ဆက်ကြွေလက်တွေရပ်တန့်သွားရသည်

"အ့.... အ့နားလေး အင်း ပြင်းပြင်းလေး...အင်းအင်း
အဲနားလေးဟုတ်တယ် အင်း..... "

တစ်ခြားအခန်းထဲက သိနေတဲ့အသံကြောင့်
ဆက်ကြွေ ကိုယ့်ပါးစပ်ကိုယ် လက်နဲ့အုပ်လိုက်မိသည်

ဒါ ဟိုဂျပုကောင်အသံပဲ...

ယောက်ကျားအိမ်သာထဲမှာ ပြီး ပြီးတော့
ဒီအသံတွေက ဟို ဟိုဟာလုပ်နေတဲ့အသံတွေလိုပဲ

So love you💗 So love me (Completed ) Donde viven las historias. Descúbrelo ahora