ညပိုင်းရောက်မှသာ ဆက်ကြွေရေချို့းဖြစ်တော့သည်။
ခုထိအတွေးနဲ့ပြုံးမိနေသည်က နိုင်းကသူ့စီမှာပဲ အမြဲရှိတော့မည်ဆိုတာကိုပင်။
မိသားစုနဲ့အဆင်ပြန်မပြေသရွေ့ သူ့စီမှာပဲနေလိမ့်မည်။
အဆင်မပြေအောင်ထားနိုင်ရင်လည်းကောင်းသား။ထိုအတွေးတွေနဲ့တင်ကိုရေသုတ်နေရင်းက စိတ်လွတ်နေတဲ့လူတစ်ယောက်လို သွားဖြီးကြီးလုပ်နေမိသည်။
ဘေးလူတစ်ယောက်ယောက်ကသာမြင်ရင် မကယ်ဆေးရုံသွားသင့်နေပြီလို့ မှတ်ချက်ချပေလိမ့်မည်။"ဆက်ကြွေ....အထဲမှာရှိလား"
ရေသုတ်နေရင်းကနေ လန့်ဖြန့်သွားရသည်က နိုင်းအသံကြောင့်ပင်။
တံခါးအမြန်သွားဖွင့်ကြည့်တော့ ခေါင်းအုံးလေးပိုက်ကာ ကြမ်းပြင်အားတွေတွေလေးငေးကြည့်နေတဲ့သူ...။
ညအိပ်ဝတ်စုံလေးနဲ့မို့ ဖွေးဖွေးလုံးလုံးလေးဖြစ်နေပေမယ့် ငြိုးငယ်နေတဲ့မျက်နှာလေးက မပျော်ရွှင်နေမှန်းသိသာနေသည်။ဘာမှမပြောပဲ ဆက်ကြွေအားကျော်တတ်ကာ အခန်းထဲဝင်လာသည်တဲ့။
တံခါးပိတ်ပြီးလှည့်ကြည့်လိုက်တော့ မြန်ချက်ဆိုသည်က ကုတင်ပေါတောင်ရောက်သွားပြီး ဆက်ကြွေခေါင်းအုံးအား တစ်ဖက်တိုးကာ သူ့ခေါင်းအုံးကိုနေရာချနေလေသည်။
ဆက်ကြွေဘာမှမမေးသေးပဲကြည့်နေလိုက်တော့ အသံတိုးတိုးလေးထွက်လာသည်။"ငါဒီမှာအိပ်မယ်"
ဗုဒ္ဓေါ.. ။
အခုနိုင်းက ဒီမှာအိပ်မယ်လို့ပြောလိုက်တာပေါ့။ ဒီခန်းထဲမှာလေ..။
ဆက်ကြွေပျော်နေသည့်မျက်နှာကို မနည်းဖုံးဖိထားရသည်က နိုင်းရဲ့မပျော်ရွှင်သည့်မျက်နှာလေးကြောင့်ပင်။
အနားသွားဖို့ပြင်လိုက်ပေမယ့် ခါးကတပါတ်တစ်ထည်ကလွဲရင် ခန္ဓာကိုယ်မှာကဘာမှမပါတော့ ဗီရိုထဲက အဝတ်တစုံကိုအလျှင်စလိုဆွဲထုတ်ပြီး
ရေချိုးခန်းထဲအမြန်ဝင်လှဲလိုက်ရသည်။ဆက်ကြွေအဝတ်စားလှဲပြီးထွက်လာသည့်တိုင် နိုင်းကမိုင်နေဆဲ။
"ဘာဖြစ်လို့လည်း.."
နိုင်းကမဖြေ ။မျက်နှာကိုငုံ့ထားမြဲ။
မျက်နှာအိအိဖောင်းဖောင်းလေးကိုအသာဆွဲမော့ရင်းထပ်မံမေးလိုက်သည်။
ŞİMDİ OKUDUĞUN
So love you💗 So love me (Completed )