part 3

9.3K 706 11
                                    


"အာ့....လူတစ်ယောက်လုံးတောင်မမြင်ဘူးလား
ကန်းနေလား"

သူဘာသာဝင်တိုက် သူ့ဘာသာရန်ထောင်နေတဲ့
မိန်းကလေးကို ဆက်ကြွေစိတ်ပျက်စွာကြည့်နေမိသည်
မြင်ဘူးသည်ဟုထင်နေတာကြောင့်
စဉ်းစားလိုက်တော့ ဟိုဂျပုကောင်ရဲ့သူငယ်ချင်းပင်

"ဘာကြည့်နေတာလဲ ဒီမှာမျက်လုံးကန်းပြီလားမသိဘူး
ဆေးခန်းသွားပြရတော့မယ်"

ဆက်ကြွေ ရယ်ချင်ပေမယ့် မရယ်နိုင်
အခု သူ့စီကငွေညစ်ဖို့ ကြံနေတာလားမသိ
မှားတာ မှားတာ ဟိုဂျပုကောင်ကို အဲလောက်အများကြီးမပေးလိုက်သင့်တာ

ဆက်ကြွေ ဂျပုကောင်ရဲ့သူငယ်ချင်းမကို ခပ်ဆက်ဆက်ကြည့်လိုက်ကာ

"ဒီမှာအမ
အမကဝင်တိုက်တာလေ ဘာလို့အသံဗြဲနဲ့အော်နေတာလည်း
ငွေညစ်ချင်ရင်တစ်ခြားတစ်ယောက်ကိုပြောင်းလုပ်"

လွှာ ဘာပြန်ပြောရမှန်းတောင်မသိတော့
ဝင်တောင်တိုက်ပြီးမှတော့ မထူးဇာက်ခင်းရတော့မှာပဲ

"အ့... အား...ငါ့မျက်လုံး
အီး...အမေရေ သမီးမျက်လုံးကန်းပြီထင်တယ်
အမေရေ...."

ထအော်တာမို့ တခြားကျောင်းသားတွေအကြည့်က
ဆက်ကြွေတို့စီ ရောက်လာလေသည်

ဆက်ကြွေ စိတ်ရူပ်သည့်ဒဏ်ကိုမခံနိုင်တာမို့ စိတ်ပျက်လွန်းလှစွာ အိတ်ထဲက တစ်သောင်းတန် လေးငါးဆယ်ရွက်ကိုဆွဲထုတ်ပြီးပေးလိုက်ရတော့သည်

"ရောရော့ ယူလိုက် မင်းတို့တကယ်စိတ်ပျက်စရာကောင်းတယ်"

ဆက်ကြွေ ပိုက်ဆံပေးပြီးတာနဲ့ ထိုနေရာကကို နောက်ပြန်မကြည့်ပဲထွက်လာခဲ့တော့သည်

ဟူး....ငါတော့ကျောင်းပြောင်းမိတာမှားပြီလားပဲ
.
.
.
.
.
.
............................................................

"ဟား.....ငါတို့ရပြီ"

လွှာ လက်ထဲက ပိုက်ဆံတွေကို မနီးမဝေးက သစ်ပင်နောက်မှာပုန်းနေတဲ့ နိုင်းနဲ့တိမ်တို့မြင်အောင် လှမ်းထောင်ပြလိုက်သည်

လွှာ အချက်ပြတာမို့ နိုင်းနဲ့တိမ် ဝမ်းသာအားရပြေးလာကျပြီး

"ဘယ်လောက်လဲ ဘယ်လောက်လဲ"

နိုင်းနဲ့တိမ် ဝမ်းသာအားရနဲ့ လွှာလက်ထဲက ပိုက်ဆံတွေဆွဲလုရင်း ရေတွက်နေကျသည်

So love you💗 So love me (Completed ) Where stories live. Discover now