နတ်သူငယ် ဆင့်ခေါ်သူ
[ဂုဏ်ယူပါတယ်။သင့်ရဲ့ ဖန်တီးမှုပြီးမြောက်ပါပြီ။]
System တွင် ကိုယ့်ရဲ့ ဇာတ်ကောင်ကိုဖန်တီးပြီးတာနဲ့ System ကနေ ဂိမ်းရဲ့အချက်အလက်နဲ့ ပြိုင်ပွဲအချက်အလက် တွေကို ပေးပို့ပေးသည်။
ဂိမ်းထဲက လူရဲ့ပုံပန်းသွင်ပြင်ကလည်း သာမန်လူတွေနဲ့အတူတူပင် ။ ဆက်သွယ်မှုအကုန်လုံးကို အထူးပြုလုပ်ထားပြီး သူတို့ရဲ့တိုးတက်မှုအတွက် ကြောက်စိတ်ရှိတဲ့ ကစားသမားဆိုရင်တော့ လူသားကိုသာ ရွေးချယ်ကြသည်။ [human class]
ကြီးမားတဲ့တောကောင်တွေနဲ့တိုက်ပွဲကလည်း ရှည်ကြာပြီးရက်စက်ကြမ်းကြုတ်သည်။သူတို့အားလုံးက လူကနေတိရိစ္ဆာန် တိရစ္ဆာန် ကနေ လူအဖြစ်ပြောင်းလဲနိုင်ကြပြီး ကြံ့ခိုင်မှု သန်စွမ်းမှု နဲ့ ကာကွယ်ချေပတဲ့နေရာမှာ စွမ်းအားအမြင့်ဆုံးကိုပိုင်ဆိုင်ထားသည်။ [beast class]
နတ်သူငယ်တွေက ရှည်လျားတဲ့နားရွက်ချွန်ချွန်လေးတွေနဲ့ လှပကြသလို တိုက်ပွဲတိုင်းမှာ အမြန်ဆုံးလှုပ်ရှားနိုင်ကြပြီး လျင်မြန်သွက်လက်မှုက သူတို့ရဲ့အားသာချက်တစ်ခုဖြစ်သည်။ [elf class]
Blood kin(သွေးစုပ် သတ္တဝါ) သူတို့က ဖြူဖျော့တဲ့အသားအရောင်ရှိပြီး ချွန်မြတဲ့ အစွယ်တွေပါရှိကြသည်။
သူတို့ရဲ့အားသာချက်က တစ်ဖက်တိုက်ခိုက်သူရဲ့ သွေးကို အလိုအလျောက်စုပ်ယူနိုင်ခြင်း ဖြစ်သည်။
တိတ်တဆိတ်လုပ်ဆောင်ချက်တွေမှာ ထူးကဲပြီး လုပ်ကြံသတ်ဖြတ်ရတာ ကြိုက်တဲ့ ကစားသမားအများစုက blood kin ကိုရွေးချယ်ကြသည်။နတ်ဘုရားတွေက ပြန်လည်ရှင်သန်ဖို့နဲ့ စွမ်းရည်ပြန်လည်ပြည့်ဝဖို့ အဓိကလုပ်ဆောင်ကြသည်။ သူတို့ရဲ့အနောက်မှာ အဖြူရောင်တောင်ပံတွေပါရှိကြသည်။(Angel Class)
နတ်ဆိုးတွေက မကောင်းမှုကို ဖော်ဆောင်ပြီး အမဲရောင်တောင်ပံက သူတို့ရဲ့ ရုပ်ပြဖြစ်သည်။(Demon Class)
နတ်ဘုရားတိုက်ပွဲရော နတ်ဆိုးတိုက်ပွဲရောက မှော်အစွမ်းကိုအသုံးပြုပြီး တိုက်ခိုက်ရသည့် အမျိုးအစားဖြစ်သည်။ နတ်ဘုရားတွေရဲ့ အဖြူရောင်မှော်စွမ်းအင်က ထိန်းချုပ်မှုနဲ့ ကုသခြင်းကို အခြေခံထားပြီး
နတ်ဆိုးတွေကတော့ မကောင်းတဲ့ဘက်ဖြစ်တဲ့ (သေခြင်း) ကို ပိုမိုဖော်ညွှန်းထားသည်။
YOU ARE READING
ဆင့်ခေါ်သူ (Volume I) Complete [Editing]
Teen FictionAbout gamer ဟက် ဘယ်လိုပြောရမလဲ အရမ်းကို cool type နေကြတော့ သူsemeလား ငါ uke လားတောင် မသိတဲ့ God player နှစ်ယောက်က ခပ်တည်တည်နဲ့ တွဲကြတာတဲ့။😁😁 I'm not own this novel and just translate into Myanmar.