ကြမ္မာငင်သောတွေ့ဆုံမှုNew York, USA ၌
လီချန်းယွီ၊ ပိုင်ရွှမ်နဲ့ ရှဲရှူရုန် တို့ သုံးယောက်သား ဂိမ်းပြိုင်ပွဲကြည့်ပြီးတော့ ရှူရုန်က အထုပ်ဆွဲကာပြန်ဖို့ပြင်နေသည်။
"ခုနက အလောင်းအစားပွဲမှာ ဘယ်သူက ရှုံးတာတဲ့လဲ"
အထုပ်ဆွဲ ပြီး ပြန်ဖို့ချောင်းနေသော ရှူရုန်ကိုကြည့်ပြီး ပိုင်ရွှမ်ပြောလိုက်သည်။
"ရှူရုန် ပေါ့" လီချန်းယွီက ရှူရုန်ကို လက်ညှိုးထိုးကာပြောလိုက်သည်။
ရှူရုန်တစ်ယောက် ရုတ်တရက်ကြီး နာကျင်သလို ခံစားလာရသည်။
ပိုင်ရွှမ်ကတော့ ကျေနပ်နေတာ အသိသာကြီး။
"ကယ် အာရှူ .... ပန်းကန်တွေ စောင့်နေပြီ "
ပိုင်ရွှမ်က မီးဖိုချောင်ဘက် လက်ညှိုးထိုးပြလိုက်သည်။ သူ့မျက်နှာမှာ နေကြာပန်းလောက်ရှိတဲ့ အပြုံးကြီးနဲ့။ ရှူရုန်ကတော့ အောင့်တက်တက်နဲ့ မီးဖိုချောင်ထဲ ဝင်သွားလေသည်။ ရော်ဘာလက်အိတ်ကိုစွပ်ပြီးမေးလိုက်သည်က
"ခေါင်းဆောင် ပိုင် ဒါပြီးရင် ဘာဆက်လုပ်ရမှာလဲ"
"ဆေးတော့လေ"
"ဘယ်လို ဆေးရမှာလဲ "
"ရေနဲ့ "
"..." ရှူရုန် ဒီလောက်တော့သိပါတယ်။ ရေနဲ့ဆေးလို့ ပြောင်မှာလား။ ရှူရုန်က ဆပ်ပြာရည်ကိုရှာကြည့်ပေမယ့် မတွေ့ ၊ ဒါနဲ့ ပိုင်ရွှမ်ကိုပဲ မေးရတော့သည်။
"ဆပ်ပြာရည်က ဘယ်နားမှာလဲ "
"အပေါ်မှာ "
ပိုင်ရွှမ်က ဘေစင်အပေါ်က စင်လေးဆီကို မေးထိုးပြလိုက်သည်။
"အော်......."
ပန်းကန်ဆေးရည်ကိုထည့်ပြီး ခက်ခက်ခဲခဲ ပန်းကန်ဆေးနေတာ မြင်တော့ ပိုင်ရွှမ်တစ်ယောက် ဘေးကနေ ကြိတ်ရယ်နေတော့သည်။
သူလည်း လီချန်းယွီနဲ့တူတူပင် ၊ မီးဖိုချောင်အလုပ်ဆို ရူးကြောင်ကြောင်နဲ့ ဘာမှမသိဘူးလေ။
စားဖို့ဆိုရင်တော့ ဟိုဟာလေး ဒီဟာလေးနဲ့ အမြင်ကပ်အောင် ပြောတတ်ကြသည်။
YOU ARE READING
ဆင့်ခေါ်သူ (Volume I) Complete [Editing]
Teen FictionAbout gamer ဟက် ဘယ်လိုပြောရမလဲ အရမ်းကို cool type နေကြတော့ သူsemeလား ငါ uke လားတောင် မသိတဲ့ God player နှစ်ယောက်က ခပ်တည်တည်နဲ့ တွဲကြတာတဲ့။😁😁 I'm not own this novel and just translate into Myanmar.