Chapter-12:Xie Shurong

2.4K 423 49
                                    

ရေကန်ထဲကို ဘုန်းကနဲနေအောက်ပြုတ်ကျသွားတဲ့ ဓားသမားကိုမြင်တော့ လီချန်းယွီသိလိုက်ပြီ နောက် စိတ်လှုပ်စားစရာလေးတွေ ဖြစ်တော့မှာကိုလည်း အလိုလိုခံစားလိုက်ရသည်။

တခြားသူမဟုတ်ဘဲ ဒါ လီချန်းယွီပြောခဲ့သလို ပိုင်ရွှမ်ရဲ့ အကုသိုလ်ဝိပါတ်လေး ရှဲရှူရုန် ဖြစ်နေတာမို့လို့ပဲ။

သူငယ်ချင်းဟောင်းတွေ နယ်မြေသစ်မှာ လာပြန်စုံတာ တကယ် တိုက်ဆိုင်မှုကောင်းလေးတစ်ခုပေါ့!

သုံးယောက် ခြောက်ယောက် တိုက်ခဲ့တုန်းကလည်း လီချန်းယွီ ဘာမှပြောစရာမလိုခဲ့။ ရှဲရှူရှန်က group attack ကိုသုံးပြီး တဖက်အသင်းကိုအရင် သွေးဆုံးရှုံးစေလိုက်ပြီး နောက်မှ နတ်သူငယ်နဲ့ ပေါင်းကာ အပြီးသတ်သည် ။ လီချန်းယွီကလည်း အလိုက်သင့်စွာ မိုးကြိုးနတ်သူငယ်ကို သုံးလိုက်တော့ တဖက်အသင်းကို အနိုင်ယူဖို့က စက္ကန့် နှစ်ဆယ် ထက်ပင်ပိုမကြာခဲ့။

အလျင်လိုနေတဲ့အချိန်မျိုးမှာတော့ တစ်ဖက်သားရဲ့ စိတ်ကို လှည့်စားဖို့ဆိုတာက မလွယ်ကူလှ သို့ပေမယ့် ရှူရုန်ကလည်း အလျင်မြန်ဆုံး ဓားသမားတစ်ယောက် ပြီးတော့ သူသုံးတဲ့   'Light and Shadow Rotation' ဆိုတာကလည်း တော်ရုံလူ အတုခိုးပြီး အသုံးပြုလို့ရနိုင်တဲ့ ဓားသိုင်းမျိုးမဟုတ်‌တာပဲ။

ဘာပဲဖြစ်ဖြစ် ရှူရုန်လည်း Miracle ကထွက်သွားတာ ကြာနေပြီ။အခုမှ ဘာလို့ ဒီ နယ်မြေအသစ်မှာပေါ်လာတာလဲ?

လီချန်းယွီ အရမ်း စိတ်ရှုပ်ထွေးနေသလို ဘာလို့ သူက အခုမှ ပေါ်လာရတာလဲ' ဆိုတဲ့ သိချင်စိတ်ကလည်း ပြင်းပြနေသည်။

"အားရှူ ..., ငါက FTD အသင်းက ကြောင်အို‌ပါ ။ မင်း ငါ့ကို မှတ်မိသေးလား?"

သိပ်မကြာခင်မှာပဲ လီချန်းယွီက သူ့အသင်းchannelမှတစ်ဆင့် စာပို့လိုက်သည် ။

Blossoming Tree :[•••]

ပိုင်ရွှမ် : [sticker တွေ ပို့မလာနဲ့ နော် စကားပြော !] 

လီချန်းပြောနေရင်းနဲ့ ဖြတ်ပြောလိုက်တဲ့ ပိုင်ရွှမ်။

Blossoming Tree: [...]

ပြောရင်းတောင် ပိုင်ရွှမ်က လီချန်းယွီကို စွေစောင်းကြည့်လိုက်သေးသည်။

ဆင့်ခေါ်သူ (Volume I) Complete [Editing]Where stories live. Discover now