အခန်း(၃၀) အသင်း ဖွဲ့စည်းခြင်း။
လင်းရွှယ်ဖုန်း ကို အသင်းထဲ အဖွဲ့ဝင်အဖြစ်ခေါ်ဖို့က ပိုင်ရွှမ်၏အကြံပြုချက်ဖြစ်ပြီး လီချန်းယွီကလည်း ထိုသို့ ဆန္ဒရှိခဲ့သည်။ လင်းရွှယ်ဖုန်းနဲ့ အချိန်အကြာကြီး မရင်းနှီးခဲ့ပေမယ့် အပြန်အလှန်စကားပြောတိုင်း ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်လို ခံစားခဲ့ရသည်။ လင်းရွှယ်ဖုန်းက စကားအများကြီးပြောရတာမကြိုက်ပေမယ့် သူ့စကားတစ်ခွန်းနှစ်ခွန်းလောက်က အဓိကအချက်ကိုသာ ဖော်ပြပြီး စိတ်ဝင်စားဖို့ကောင်းသည်။ လီချန်းယွီထက် တစ်နှစ်ပိုကြီးပြီး ပိုပြီးလည်းရင့်ကျက်သည်။
US sever မှာကစားခဲ့ပြီး အတွေ့အကြုံရှိတဲ့အပြင် Miracleအကြောင်းကောင်းကောင်းနားလည်တဲ့ လင်းရွှယ်ဖုန်းလို ကစားသမားမျိုးကိုသာ အသင်းထဲဝင်ဖို့ ဖိတ်ခေါ်နိုင်ရင် FTD အသင်းက သေချာပေါက် အောင်မြင်မှာဖြစ်သည်။
လီချန်းယွီက ထိုအကြောင်းကိုစဥ်းစားခဲ့ပြီး လင်းရွှယ်ဖုန်းကို အသင်းထဲဝင်ဖို့ ဘယ်လိုပြောရမလဲ ဆိုပြီးလည်း တွေးနေခဲ့သည်။
တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေ ပေးထားခဲ့ပေမယ့် အခုထိတော့ ပထမအကြိမ်အဖြစ်တောင် ဖုန်းမဆက်ဖူးသေးပေ။ သို့ပေမယ့် အခုတော့ LXF ဆိုတဲ့ ID က ဖုန်းscreenတွင် ပေါ်နေသည်မှာ ကြောင်တောင်တောင်ကြီးရယ်။
"ဟယ်လို "
ရုတ်တရက်ကြီး ဆိုတဲ့ အံသြမှုနဲ့အတူ လီချန်းယွီ ဖုန်းကိုကိုင်လိုက်သည်။
လီချန်းယွီရဲ့ အသံတွေက စိတ်လှုပ်ရှားမှုတွေ ရောပါနေပြီး ဒီအခြေအနေအတွက် အဆင်သင့်မဖြစ်သေးသလိုပင်။
"မနက်အစောကြီး ဖုန်းဆက်တာ ဘာဖြစ်လို့လဲ"
"မင်းဒီနေ့ အားလား။ ငါ Hangzhou ကိုရောက်နေတယ်။ မင်းအားရင် ငါ့ကို လာတွေ့ပါလား။"
နူးညံပြီး တည်ငြိမ်နေတဲ့ အသံလှိုင်းက နားစည်ကို သိသိသာသာ လာထိခတ်သည့်အခါ အဆင်သင့်မဖြစ်သေးသည့် နှလုံးသားလေးက ပိုလို့တောင် ဖရိုဖရဲဖြစ်ရသည်။
YOU ARE READING
ဆင့်ခေါ်သူ (Volume I) Complete [Editing]
Teen FictionAbout gamer ဟက် ဘယ်လိုပြောရမလဲ အရမ်းကို cool type နေကြတော့ သူsemeလား ငါ uke လားတောင် မသိတဲ့ God player နှစ်ယောက်က ခပ်တည်တည်နဲ့ တွဲကြတာတဲ့။😁😁 I'm not own this novel and just translate into Myanmar.