Chapter 22: Dropping the Ball

1.5K 338 18
                                    

ရာသီ‌ပွဲတွေ ကျင်းပတဲ့အခါ ပြိုင်ပွဲတိုင်းက တစ်ဦးချင်းဖယ်ထုတ်တဲ့ ပုံစံကိုသုံးသည်။

ပြိုင်ပွဲပုံစံကိုလည်း KOF နည်းဖြင့် ကျင်းပကြသည်။ ကစားသမားသုံးယောက်က တစ်ဖက်စီနေပြီး တိုက်ခိုက်ခြင်းမျိုးဖြစ်ပြီး နောက်ဆုံးကျန်တဲ့ တစ်ယောက်က အနိုင်ရမှာဖြစ်သည်။ battle ပွဲတွေ ကစားတဲ့အခါ ခြောက်ယောက်တစ်ဖွဲ့ ကစားရပြီး ကျောက်တုံးတွေကို လုရသည်။ ကျောက်တုံးက အနီ ၊အပြာ နဲ့ အဖြူ ဆိုပြီး သုံးလုံးရှိပြီး တစ်ခုစီမှာ  point နှစ်ခုစီနှင့် စုစုပေါင်း ခြောက် point ရှိသည်။
သုံးယောက်ချင်းတိုက်တဲ့ ပွဲမှာက point သုံးခု ရတာဆိုတော့ စုစုပေါင်း point ကိုးခု။
ဒီလို ကစားနည်းကို ပထမရာသီပွဲစတည်းက ကျင့်သုံးခဲ့တာ ဖြစ်ပြီး နိုင်ငံတိုင်းကလည်း ထိုနည်းအတိုင်း ပြိုင်ပွဲကိုကျင်းပကြသည်။

အခုတစ်ကြိမ်ပြိုင်ပွဲမှာ Wind Colour နဲ့ Time အသင်းထိပ်တိုက်တွေ့ကြပြီး နှစ်သင်းလုံးက အင်အားကြီးအသင်းဖြစ်လို့ လူတိုင်းကစိတ်၀င်စားကြသည်။

"ဟုတ်ပါပြီ ပြိုင်ပွဲလည်းစပြီဆိုတော့ နှစ်ဖက်အသင်းရဲ့ ပြင်ဆင်မှုတွေကို ကျွန်တော်တို့ကြည့်လိုက်ရအောင် "

တင်ဆက်သူရဲ့ ကြေညာမှုအပြီးမှာ ကင်မရာက ကစားသမားတွေဆီ လှည့်သွားသည်။

Wind Colour အသင်းက demon နဲ့ blood kin class ကိုယူပြီး အမဲရောင် ရှပ်ပေါ်မှာ အနီစက်တွေပါတဲ့အင်္ကျီကို ၀တ်ဆင်ထားကြသည်။  Time team ကလည်း နတ်သူငယ်တွေရဲ့ အစိမ်းရောင်‌သစ်တောကဲ့သို့ ပုံဖော်ထားတဲ့ ရှပ်အဖြူကို ၀တ်ဆင်ထားသည်။

တစ်ဖွဲ့က အမှောင် တစ်ဖွဲ့က အလင်း ၊ သူတို့ကိုကြည့်ရင်တောင် ဒီနေ့ပွဲမှာ တကယ့် ရန်သူစစ်စစ်တွေလို့ ခံစားရစေတာအမှန်ပင်။

ကင်မရာက နှစ်သင်းလုံးရဲ့ ခေါင်းဆောင် လင်းရွှယ်ဖုန်းနဲ့ တန်စီထျန် ကို ချိန်ထားတာကြောင့် သူတို့နှစ်ယောက်ရဲ့ မျက်နှာက screen တွင်ထင်ထင်ရှားရှား မြင်နေရသည်။

"ဒီလူက ခုထက်ထိကို မပြောင်းလဲသေးဘူး။"

လီချန်းယွီရဲ့ အရယ်တစ်၀က်ရောထား‌တဲ့ စကားတွေက အနည်းငယ်တော့ ကြေကွဲနေသယောင်ပင်။ လင်းရွှယ်ဖုန်း ရဲ့ မျက်နှာကို မြင်လိုက်တာနဲ့ လီချန်းယွီ မရယ်ပဲနဲ့လည်းမနေနိုင် ။
ထိုအရယ်က အပြုံးသာသာပါ
နှလုံးသားထဲမှာ အမြဲရှိနေတဲ့ သူကို အကြာကြီးကြာမှ ပြန်လည်တွေ့ဆုံရလို့ ကျေနပ်မိတဲ့ အပြုံးလေးတစ်ခု ဆိုရုံသာ။

ဆင့်ခေါ်သူ (Volume I) Complete [Editing]Where stories live. Discover now