Chapter 1 : Give up

14.2K 870 18
                                    

အခန်း(၁) လက်လျော့ခြင်း

ကန်လန် အသင်း၏ ထမင်းစားခန်း၌ အသင်းခေါင်းဆောင် လီချန်းယွီ တစ်ယောက်တည်း
စာဖိုမှူးချက်ထားသည့် ငါးပေါင်းဟင်းဖြင့် ထမင်းစားနေသည်။ငါးဆိုတာ ငယ်ငယ်ထဲက အရမ်းကြိုက်ရတဲ့ ဟင်းတစ်မျိုးဖြစ်တာကြောင့် လီချန်းယွီအတွက် ဒီနေ့အဖို့က သိပ်ကိုအရသာရှိတဲ့ ညစာလေးတစ်ခုဖြစ်နေခဲ့သည်။

လီချန်းယွီလို့ ခေါ်တဲ့ ထိုသူက သိပ်ကိုတည်ကြည်လေးနက်ပြီး အလုပ်လုပ်တဲ့နေရာမှာလည်း ဖြောင့်မတ်သလို အပြုံးဟုဆိုသာသော ခပ်ရေးရေးအပြုံးတစ်ခုကိုသာ အမြဲလိုလို ပေးလေ့ရှိသည်။

ဒုခေါင်းဆောင် ပိုင်ရွှယ်ဝင်လာတော့ လီချန်းယွီက ထမင်းစားတာ ပြီးနှင့်နေပြီဖြစ်သည်။ လီချန်းယွီကိုမြင်တော့ ပိုင်ရွှယ်က ပြုံးပြလိုက်ပြီး
"ခေါင်းဆောင် လေ့ကျင့်ရေးအခန်းဆီသွားရအောင်၊ မန်နေဂျာ ကပြောစရာရှိလို့တဲ့"

လီချန်းယွီ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် စားပြီးသားပန်းကန်ကိုဆေးပြီး လေ့ကျင့်ရေးအခန်းကို သွားဖို့ပြင်လိုက်သည်။

လီချန်းယွီ.... သူက ငါးဟင်းစားတဲ့နေရာမှာတော့ စကေးကြမ်းတယ်လို့ဆိုရမလား။ငါးအရိုးနွှာတာကအစ ကျွမ်းကျင်လွန်းလို့ အသင်းကလူတွေက သူ့ကို ကြောင်လား ဆိုပြီးတောင် စလေ့ရှိကြသည်။

ဖြစ်ချင်တော့ သူ့ရဲ့ game ID ကလည်း old cat တဲ့လေ။ ဒါနဲ့ပဲ သူ့ကိုချစ်လို့ဆိုပြီး ကြောင်အို' လို့ စနောက်ခေါ်ခဲ့ကြသည်။

လွန်ခဲ့တဲ့ သုံးရက်က ဝီလင်းရဲ့ ၁၆ကြိမ်မြောက်ကျွမ်းကျင့်အဆင့်gameပြိုင်ပွဲကို ကျင်းပခဲ့ပြီး ထိုပြိုင်ပွဲမှာ ကန်လန်အသင်းက ဆုနဲ့လွဲချော်သွားခဲ့သည်။
အရင်နေ့တွေကထိ သူ့တို့အသင်းသားတွေအကုန်လုံးပင်ပန်းနေခဲ့ကြပြီး ပြိုင်ပွဲအတွက် နှစ်ဝက်နီးပါး ကြိုးစားခဲ့ပေမယ့် ဘာဆုမှမရဘဲ ဖြစ်ခဲ့သည်။အခုလည်း မေနေဂျာက ရှာခိုင်းလိုက်တာဆိုတော့ ဒါ ကောင်းတဲ့ကိစ္စမဟုတ်မှန်း လီချန်းယွီသိနေသည်။
ဒါပေမယ့်လည်း သူ့ကိုကြည့်လိုက်ရင် အေးဆေးတည်ငြိမ်လွန်းနေတတ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူက အသင်းခေါင်းဆောင်ဖြစ်တဲ့အတွက် ပြဿနာကို ခေါင်းရှောင်လို့တော့မရ။

ဆင့်ခေါ်သူ (Volume I) Complete [Editing]Tahanan ng mga kuwento. Tumuklas ngayon