Chapter 18 : Battle Between Summoners

1.9K 363 5
                                    

ဆင့်ခေါ်သူများ၏ တိုက်ပွဲ

ကျွင်းမိုက သွေးစုပ်ပင့်ကူကို ဆင့်ခေါ်ကတည်းက စဉ်းစားထားပြီးသားပင်။ အခုချိန်မှာ blood kin ဆင့်ခေါ်သူက အားလုံးရဲ့ နတ်ဆိုးသခင်ဖြစ်ပြီး miracle world မှာ စွမ်းအားအကြီးဆုံးဖြစ်သည်။

ဒီ love to eat Braised Fish ကတော့ နတ်သူငယ်ဆင့်ခေါ်သူ ။
ဘယ်လို ဒိတ်အောက်နေတဲ့ ကစားနည်းမျိုးလဲ ။
ကျွင်းမိုက အံ့ဩစွာ သုံးသပ်လိုက်သည်။

ကျွင်းမို ရဲ့ သွေးပင့်ကူကို ဆင့်ခေါ်လိုက်ခြင်းက တစ်ဖက်ကစားသမားအား မှင်သက်သွားစေသည်။ အခုလည်း လီချန်းရဲ့ သွေးက10%လောက်လျော့သွားပြီ ဖြစ်လို့ ကျွင်းမိုကတော့ ကျေနပ်နေသည်။

ဒီအဆင့်က အကောင်းကြီးမဟုတ်ပေမယ့် ပင့်ကူကို ရှောင်ဖို့လည်း မတတ်နိုင်ခဲ့။

ကျွင်းမိုက လျင်လျင်မြန်မြန်ပင် သူ့ရဲ့ ဒုတိယနဲ့တတိယ အကောင်လေးတွေဖြစ်တဲ့ သွေး‌မြွေနဲ့ သေဆုံးခြင်းဝိဉာဉ် (death knight)ကို ဆင့်ခေါ်လိုက်သည်။

***


Miracle မှာက ဆင့်ခေါ်သူအမျိုးအစားတွေကွဲပြားသလို ထိုဆင့်ခေါ်သူတွေရဲ့ အကောင်လေးတွေကလည်း ကွဲပြားသည်။ ဥပမာ လီချန်းရဲ့ နတ်သူငယ် ဆင့်ခေါ်သူမှာဆိုရင် ရေ၊ လေ၊ မီး နဲ့ မိုးကြိုး ဆိုပြီး နတ်ဝိဉာဉ် လေးမျိုးရှိပြီး နတ်ဆိုး ဆင့်ခေါ်သူမှာဆိုရင် သွေးစုပ်ပင့်ကူ၊ မြွေ၊ သေဆုံးခြင်းဝိဉာဉ် နဲ့ သွေးစုပ်ဖုတ်ကောင် လင်းနို့ တွေ ဆိုပြီး ရှိသည်။

ကျွင်းမို က လောလောဆယ် level 32 သာရှိသေးပြီး သွေးစုပ်ဖုတ်ကောင် လင်းနို့ကို ဆင့်ခေါ်လို့ မရသေးပေ။ ကျွင်းမိုရဲ့ သွေးစုပ်ပင့်ကူက ပြိုင်ဘက်ကို ‌အေးခဲစေပြီး မြွေက တစ်ဖက်ရန်သူကို တိုက်ခိုက်နေစဉ် သေဆုံးခြင်းဝိဉာဉ်က သခင်ကို အကာအကွယ် ပေးရသည် ။

သွေးဆင့်ခေါ်သူတွေက သေဆုံးခြင်းဝိဉာဉ် လို သခင်ကို စောင့်ရှောက်တဲ့ အစောင့်အရှောက်ရသလို သူတို့ရဲ့ အကောင်တွေအကုန်လုံးမှာ တဖက်ရန်သူရဲ့ သွေးကိုစုပ်ယူနိုင်တဲ့ အစွမ်းပါ ရှိကြသည်။

ဆင့်ခေါ်သူ (Volume I) Complete [Editing]Wo Geschichten leben. Entdecke jetzt