တစ်ချိန်တည်းမှာပဲ Time အသင်းရဲ့ trainingခန်း၌
အမြဲလိုလိုတောက်ပနေတတ်တဲ့ ဒုခေါင်းဆောင် ချောင်ဝေက ဒီနေ့တော့ တစ်နေ့လုံး မျက်နှာမကောင်းပဲ ဖြစ်နေသည်။ တစ်ညနေလုံးလည်း ကွန်ပျူတာရှေ့မှာထိုင်ပြီး စိုက်ကြည့်နေတာ ကွန်ပျူတာလည်း ပြာကျရင် ကျနေလောက်ပြီ။
မနက်ကတည်းက ချန်းလန်အသင်းပျက်တဲ့အကြောင်း weibo မှာ ရေးတင်ပြီးတည်းက စိတ်မကြည်ဖြစ်နေခဲ့သည်မှာ အခု ကွန်မန့်တွေ မြင်တော့ ပိုလို့ဒေါသထွက်နေခဲ့သည်။
"ဝီလင်နဲ့က ဘာပတ်သတ်မှုတွေရှိနေတာလဲ ။ ချန်းလန်အသင်းပျက်တာလည်း ကိုယ့်နဲ့ မဆိုင်ဘူးလေ။ အဲ့ဒါကို ဘာကိစ္စနဲ့ စာရေးတင်ရတာလဲ ။မနက်ဖြန် ပြိုင်ပွဲအတွက်ပဲ လေ့ကျင့်စမ်းပါ။ အဲ့ လီချန်းယွီအကြောင်း ငါ ထပ်မကြားချင်ဘူး။"
ချောင်ဝေရဲ့ လက်ချောင်းတွေက ကီးဘုတ်ပေါ်တွင် ဟိုပြေးဒီပြေးနဲ့ ဘယ်စာလုံးkey ကို ဖိရမှန်းမသိ ဒေါသထွက်လွန်းလို့ ဘယ်လိုစာပြန်ရမှန်းတောင်မသိပဲဖြစ်နေသည်။
အခုချိန် ချောင်ဝေသိတာ သူအရမ်းဒေါသထွက်နေပြီး တစ်စုံတစ်ခုက သူ့ကို ၀မ်းနည်းအောင် လုပ်နေသည့် အကြောင်းပင်။Miracle ကနေ ထွက်လာပြီး သုံးနှစ်အတွင်းမှာ ချောင်ဝေ လူတော်တော်များများကို မေ့သွားခဲ့သည်။ ဒါပေမယ့် လူတစ်ယောက်ကိုတော့ ချောင်ဝေ မမေ့နိုင်ခဲ့။
အဲ့ဒီအချိန်တုန်းက ချောင်ဝေက လောလောလတ်လတ် ပွဲဦးထွက်ထားတဲ့ အသစ်တစ်ယောက်။ပြီးတော့ သူ့လို သားပေါက်လေးက ကျားကိုတောင် မကြောက်ခဲ့ဘူး။ လီချန်းယွီဆိုတာ အဲ့ဒီအချိန်က တစ်ဦးချင်းပြိုင်ရတဲ့ ပွဲတွေမှာတောင် သူက အမြဲထိပ်ဆုံးမှာပဲ ရပ်တည်ခဲ့ပြီး သူ့အတွက် ရှုံးပွဲဆိုတာ တစ်ခါတောင် မရှိခဲ့သူ ဖြစ်သည်။ အဲ့လို ဆင့်ခေါ်သူမျိုးကို ချောင်ဝေက စိန်ခေါ်ခဲ့သည်။
FTD နဲ့ Time အသင်းရဲ့ ပုံမှန် ရာသီပွဲတွေမှာဆိုရင် ချောင်ဝေက အမြဲလိုလို လီချန်းယွီနဲ့ တိုက်ရပြီး တိုက်တိုင်း ရှုံးခဲ့သည်။သို့ပေမယ့် ချောင်ဝေက online game မှာ ပြိုင်ဖို့ ထပ်ပြီးစိန်ခေါ်ခဲ့သည်။ ရလဒ်ကတော့ လီချန်းယွီက သူ့ကို ငါးကြိမ်ဆက်တိုက် အနိုင်ယူလိုက်ခြင်းဖြစ်သည်။
YOU ARE READING
ဆင့်ခေါ်သူ (Volume I) Complete [Editing]
Teen FictionAbout gamer ဟက် ဘယ်လိုပြောရမလဲ အရမ်းကို cool type နေကြတော့ သူsemeလား ငါ uke လားတောင် မသိတဲ့ God player နှစ်ယောက်က ခပ်တည်တည်နဲ့ တွဲကြတာတဲ့။😁😁 I'm not own this novel and just translate into Myanmar.