မှိုင်းဖျသော မျက်၀န်းအောက်က
နူးညံ့သော အကာအကွယ်
ရှဲရှူရုန်ကို Miracleရဲ့ နယ်မြေသစ်မှာတွေ့ရတော့ လီချန်းယွီခံစားချက်က မကောင်း။ အဲ့လိုဆိုပြီးတော့ ရှဲရှူရုန်ကလည်း မသက်သာတဲ့အခြေအနေတစ်ခုထဲရောက်နေသလို ခံစားနေရပြန်သည်။
လီချန်းယွီအဖို့က အပြင်ပန်းမှာသာ ရှူရုန်ကို သူ့အဖွဲ့ထဲ၀င်ဖို့ အတင်းဆွဲနေပေမယ့် တကယ်တမ်းတော့ အဆင်မပြေနေ။ ဘယ်လိုပဲ ဂိမ်းလောကမှာ နတ်ဘုရားတစ်ဆူလို့တင်စားပါစေ အဲ့ဒါက အတိတ်တစ်ချိန်က ဖြစ်ပြီး အဲ့ဒီအတိတ်တစ်ချိန်' ဆိုသည့် လွန်ခဲ့တဲ့ သုံးနှစ်က နတ်ဘုရားရဲ့ အဆုံးသတ် အချိန်လည်းဖြစ်ခဲ့သည်။
နာကျည်းချက်တွေ မုန်းတီးမှုတွေနဲ့ မခံမရပ်နိုင်ဖြစ်ရတာတွေက သူ့ကို ပြိုကျမတတ်တိုက်စားခဲ့တယ်။
အဲ့ဒီအချိန်တုန်းက လီချန်းယွီရဲ့အသက်က နှစ်ဆယ်သာ ရှိသေးပြီး သူ့ဘ၀မှာ သူအရမ်းမျှော်လင့်ခဲ့ရတဲ့ Professional leagueပြိုင်ပွဲကို ပြိုင်ခွင့်ရတဲ့အချိန်လည်းဖြစ်သည်။
သို့ပေမယ့် ဆိုးရွားလွန်းစွာပဲ လီချန်းယွီရဲ့အသင်းက ပြိုင်ပွဲမှာ အရည်အချင်းမပြည့်မှီခဲ့တာကြောင့် ရှုံးနိမ့်ခဲ့ပြီး သို့ထက်ပိုဆိုးသည်က အဖွဲ့ပျက်သွားခြင်းပင် ဖြစ်သည်။
သူမျှော်လင့်ခဲ့သမျှ အရာတွေ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေ ၊ ရင်းနှီးခဲ့တဲ့ အချိန်တွေ ၊ ပေးဆပ်ခဲ့တဲ့ ငယ်ရွယ်မှုတွေ ၊ အဆုံးရှုံးခံခဲ့တဲ့ လွတ်လပ်မှုတွေ......
ဒါတွေအားလုံးက ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားသလို အကုန်လုံး ဘာမှမရှိတော့။
တကယ်ကို ပစ်ပစ်နှစ်နှစ်နဲ့ ဆွဲချခံလိုက်ရသလိုပင်'
အဲ့ဒီအချိန်တုန်းက Miracleရဲ့ professional leagueပြိုင်ပွဲအတွက် ၀င်လာတဲ့ ဒိတ်ဒိတ်ကြဲကစားသမားတွေက တပုံတပင်ကြီးရှိခဲ့သည်။ ကစားသမားအသစ် ပြိုင်ပွဲ၀င်အသစ်လို့တောင် မဆိုရက်နိုင်ဘဲ သူတို့က တကယ်တော်ကြသည်။ အဲ့ဒီထဲတွင် ရှဲရှူရုန်လည်းပါသည်။
ESTÁS LEYENDO
ဆင့်ခေါ်သူ (Volume I) Complete [Editing]
Novela JuvenilAbout gamer ဟက် ဘယ်လိုပြောရမလဲ အရမ်းကို cool type နေကြတော့ သူsemeလား ငါ uke လားတောင် မသိတဲ့ God player နှစ်ယောက်က ခပ်တည်တည်နဲ့ တွဲကြတာတဲ့။😁😁 I'm not own this novel and just translate into Myanmar.