အခန်း(၂၅) ဂရုစိုက်မှု
Miracle ၏ ခြောက်ကြိမ်မြောက် ရာသီပွဲ ကျင်းပပြီးတော့ အသင်းသားတွေကို တစ်ပတ်အနားယူဖို့ခွင့်ပေးခဲ့သည်။
Time အသင်းကပြိုင်ပွဲမှာရှုံးသွားပေမယ့် ခေါင်းဆောင် တန်စီထျန်၏ မျက်နှာကတော့ ပုံမှန်အတိုင်း ရွှင်ပြုံးနေဆဲဖြစ်နေသည်။
"မြန်မြန်လုပ် ပစ္စည်းတွေမြန်မြန်သိမ်း ၊ နေ့လည်စာ သွားစားရအောင် "
ပြိုင်ပွဲပြီးလို့ လေ့ကျင့်တဲ့အခန်းကိုပြန်လာချိန် တက်ကြွနေသူက တန်စီထျန်တစ်ယောက်တည်းသာ ဖြစ် လိမ့်မည်။ အသင်းသားအားလုံး၏ မျက်နှာကအနည်းငယ် ညှိုးနေပြီး လမ်းလျှောက်ဖို့တောင် အားမရှိတဲ့ပုံဖြစ်နေကြသည်။ သို့ပေမယ့် ခေါင်းဆောင်ရဲ့ ကျွေးမွေးမယ် ဆိုတဲ့ စကားလောက် အားပြန်တက်အောင်လုပ်နိုင်မည်လား။
"ပိတ်ရက်ကလည်း မနက်ဖြန်ကစတာမလား။
ခေါင်းဆောင်တန် ကျွန်တော်တို့ ကာရာကိုအေ မှာ သီချင်းပါ သွားဆိုလို့ မရဘူးလား ။""မင်းတို့က KTV သွားချင်တာလား"
"အင်းပေါ့"
တချို့ အသင်းသားတွေက ထရယ်ကြသည်။
"Ok Ok သီချင်းဆိုပြီး ငါတို့နားတွေကို အနားပေးကြတာပေါ့"
သဘောကောင်းသူ ခေါင်းဆောင်ကြီး၏ ခွင့်ပြုချက်ရတော့ အကုန်လုံးက ရေး' ဆိုပြီးထအော်ကြသည်။
တန်စီထျန်ကတေ့ာ ခေါင်းတညှိမ့်ညှိမ့်နှင့် ပြုံးနေရှာသည်။"အခန်းကြိုမှာထားပေးမယ် ။ တစ်ညလုံးဆိုကြတာပေါ့။"
"မင်းတို့ပဲ သွားကြ ၊ ငါ သီချင်းမဆိုတတ်လို့ မသွားတော့ဘူး"
တလောကလုံး နေသာနေချိန် ချောင်ဝေမှာတော့ တစ်ယောက်တည်း ကွက်ပြီး မိုးရွာနေသည်။
ချောင်ဝေ သီချင်းမဆိုနိုင်တာ မှန်ပေမယ့် ဒါက အထူးတလည်ကိစ္စမဟုတ် အဲ့ဒီအပြင် ထိုအကြောင်းကို Miracle League ကရှိရှိသမျှ လူတိုင်းကလည်း သိပြီးသားဖြစ်သည်။
ချောင်ဝေ ကိုယ်တိုင်ကလည်း အသံမကောင်းပေမယ့် မိုက်ဆွဲပြီး ဆိုနေကျလေ။ ချောင်ဝေ မိုက်ကိုင်ပြီဆိုရင် လူတိုင်းစိတ်ညစ်ကြသည်။ ချောင်ဝေက ဆိုသာဆိုနေတာ သံစဉ်တခြား စာသားတစ်ခြားနဲ့ ၊ သူ့ရဲ့ မူပိုင်အသံကြီးနဲ့ ဆိုတာမို့ တော်တော်ကို ဆိုးဝါးလှသည်။
ချောင်ဝေရဲ့ အသံက ဆိုးဆိုးဝါးဝါးကို မကောင်းတာပါ။
သို့ပေမယ့် ခေါင်းဆောင်တန်စီထျန်ရဲ့ အသံကတော့ ပျားရည်လိုချိုပြီး စမ်းရေလိုအေးသည်။
အသံကောင်းရုံသာမက ဂီတာပါ တီးတတ်တာမို့ Miracle မှာ ညစာစားပွဲများရှိရင် ခေါင်းဆောင်တန်က ဂီတာတီးပြီး သီချင်းဆိုလေ့ရှိသည်။
YOU ARE READING
ဆင့်ခေါ်သူ (Volume I) Complete [Editing]
Teen FictionAbout gamer ဟက် ဘယ်လိုပြောရမလဲ အရမ်းကို cool type နေကြတော့ သူsemeလား ငါ uke လားတောင် မသိတဲ့ God player နှစ်ယောက်က ခပ်တည်တည်နဲ့ တွဲကြတာတဲ့။😁😁 I'm not own this novel and just translate into Myanmar.