ရင်ဖိုစရာ အခိုက်အတန့်
လင်းရွှယ်ဖုန်းသာ တတိယကစားသမားအနေနဲ့ ထွက်ရင် Timeအသင်းကို နိုင်ပြီး ရမှတ်သုံးမှတ်က လွယ်လွယ်ကူကူပင်ရသွားမှာ ဖြစ်ပေမယ့် ဒီအခွင့်အရေးကို ကျွင်းမိုကို ပေးလိုက်သည်။ ဒါက သေချာပေါက် သူ့ရဲ့ တပည့်အတွက် ပေးချင်တဲ့ အတွေ့အကြုံတစ်ခုပါ။ပြီးတော့ ကျွင်းမိုရဲ့ စိတ်ကိုပါ ပြင်ပေးချင်တာ။
တစ်ခါတစ်လေမှာ စကားလုံးတွေထက် အတွေ့အကြုံက အများကြီး ပိုလေးနက်နေသည်။ လင်းရွှယ်ဖုန်းက တစ်ခါတစ်လေ ဒီလိုရက်စက်တဲ့နည်းကို သုံးပြီး ကစားသမားတွေကို အသိတရားရဖို့ လုပ် ပေးတတ်သည်။
လီချန်းယွီ ဒါကိုစဉ်းစားမိတော့ သက်ပြင်းချမိသွားသည်။
ဒီနှစ်တွေမှာ လင်းရွှယ်ဖုန်းရဲ့ပုခုံးပေါ်က တာ၀န်တွေက လီချန်းယွီထက်မနည်းပေ။လီချန်းယွီက အားနည်းတဲ့အသင်းရဲ့ခေါင်းဆောင်၊ ဒါက တစ်ခါတစ်လေ ပြိုင်ပွဲတွေမှာ အနိုင်မရခဲ့ရင်တောင် အပြစ်ပြောမယ့်သူမရှိပေ။ ဒါပေမယ့် Wind Colourအသင်းလို အသင်းကြီးကို ဦးဆောင်ရတဲ့ လင်းရွှယ်ဖုန်းကတော့ ပြိုင်ပွဲမှာရှုံးသွားရင် ထောက်ပံ့သူတွေရဲ့ အပြစ်ပြောတာကို ခံရမည့်အပြင် ကြေညာသူတွေရဲ့ အပြောအဆိုကိုလည်း ခံရသည်။ အဲ့ဒီအပြင် ရန်ပုံငွေ ကိစ္စတွေပါ အမြဲထည့်စဉ်းစားရသေးသည်။
(Sponsor ကို ဆိုလိုတာပါ)
လင်းရွှယ်ဖုန်းကတော့ စိတ်ဓာတ်ခိုင်မာတဲ့သူ ဖြစ်နေတုန်းပါပဲ။
အသင်းဖော်အားလုံးကလည်း သူ့ရဲ့ အမိန့်ဆို ဘယ်တော့မှ အထွန့်တက်ပြီးပြန်မမေးကြဘဲ
သူ့တို့ အကောင်းဆုံးကြိုးစားကြသည် ။ ဒီနည်းက သူတို့ခေါင်းဆောင်အပေါ် ပြန်ပြီးပေးနိုင်တဲ့ အကောင်းဆုံး တာ၀န်ယူမှုတစ်ခု' ဟူ၍သာ သူတို့စိတ်ထဲရှိကြသည်။သို့ပေမယ့် Fan တွေကတော့ အဲ့လိုမဟုတ်ပေ။
သူတို့က တတိယကစားသမားက လင်းရွှယ်ဖုန်းမဟုတ်ပဲ ကျွင်းမို ဖြစ်နေတဲ့အပေါ် မှတ်ချက်တွေ ပေးချင်နေကြသည်။- ရှောင်ကျွင်း က ကစားတာတော်ပေမယ့် သူ့အတွေ့အကြုံကနုသေးတယ်၊ ခေါင်းဆောင်တန် ကတော့ အောင်မြင်မှုနဲ့အတူတစ်ဖန်ပြန်လာတော့မယ်။
CZYTASZ
ဆင့်ခေါ်သူ (Volume I) Complete [Editing]
Dla nastolatkówAbout gamer ဟက် ဘယ်လိုပြောရမလဲ အရမ်းကို cool type နေကြတော့ သူsemeလား ငါ uke လားတောင် မသိတဲ့ God player နှစ်ယောက်က ခပ်တည်တည်နဲ့ တွဲကြတာတဲ့။😁😁 I'm not own this novel and just translate into Myanmar.