ပုံမှန်ရာသီပြိုင်ပွဲ
ကျွင်းမိုကို နိုင်သွားပြီးနောက် လီချန်းယွီတို့လေးယောက် missionကို ဆက်လုပ်ဆောင်ကြသည်။
"ဒီတစ်ခေါက်ပွဲမှာ ကျွင်းမိုက သူ့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲတာကြီးကြောင့် ရှုံးသွားတယ် ။
အမှန်တော့ မဖြစ်သင့်ဘူး ။ "ရှူရုန်က သက်ပြင်းချကာဆိုသည်။
"အဲ့တာက cat god ကို လျော့တွက်ခြင်းရဲ့ အပြစ်ပဲလေ "ပိုင်ရွှမ်က ပြန်ပြောလိုက်သည်။
"ဒီအကြောင်းကို သူ့ဆရာကို သွားပြောနေရင် ဘယ်လိုလုပ်မလဲ။ သူ့ဆရာကိုသာ ပြောပြီး ကျွန်တော်တို့ကို လာပြန်တိုက်ရင် ဟဲဟဲ ခေါင်းဆောင်းလင်းကို တွေ့နိုင်ပြီ ။"
ရှောင်ကူကတော့ လင်းရွှယ်ဖုန်း ရဲ့ ပရိတ်သတ် ပီသပါပေသည်။ ခေါင်းဆောင်လင်း အကြောင်းပြောရင် သူ့အသံက ရွှင်နေသည်မှာ ဘေးက ပိုင်ရွှမ်တောင် မစပဲမနေနိုင်သည်အထိ ။
"ရှောင်ကူ မနက်ဖြန် ရာသီပွဲရှိတယ် ဆိုတော့ လင်းရွှယ်ဖုန်းက online game ကို စိတ်ပူနေနိုင်မှာမဟုတ်ဘူး ။ ပြီးတော့ ကျွင်းမိုလိုကောင်လေးကလည်း ဒီလိုရှက်ဖို့ကောင်းတဲ့ကိစ္စကို သူ့ဆရာကို ပြန်ပြောမှာ မဟုတ်ဘူး။ "
"အော်..."
ရှောင်ကူရဲ့အသံက မျှော်လင့်ချက်တွေပျက်သွားတဲ့သူလို ချက်ချင်းကို တိုး၀င်သွားသည်။"အယ် ဒါဆို အဲ့ပြိုင်ပွဲကို ကြည့်လို့မရဘူးလား။ 9 နာရီစမှာမလား ။ တူတူကြည့်ကြမယ်လေ ကျွန်တော်တို့ နော် "
"New York မှာ ဆိုရင် ည ကိုးနာရီပေါ့ ?" လီချန်းယွီကမေးတော့ ပိုင်ရွှမ်က ခေါင်းညိတ်ပြလိုက်သည်။
"အင်း"
"ဒါဆိုလည်း ကြည့်ကြတာပေါ့."
"ငါတို့ အသင်းကမနက်ဖြန် အားရက်ရတယ် ။ငါ မင်းတို့ဆီလာပြီး တူတူကြည့်မယ်။"
"ညစာအတွက် လာတာတော့ မဟုတ်ဘူးမလား။"
ရှူရုန်ရဲ့ စကားကို ကြားတော့ ပိုင်ရွှမ်က စသလိုနှင့် ၀င်ပြောလိုက်သည်။ ရှူရုန်က မသက်မသာရယ်လိုက်ပြီး
YOU ARE READING
ဆင့်ခေါ်သူ (Volume I) Complete [Editing]
Teen FictionAbout gamer ဟက် ဘယ်လိုပြောရမလဲ အရမ်းကို cool type နေကြတော့ သူsemeလား ငါ uke လားတောင် မသိတဲ့ God player နှစ်ယောက်က ခပ်တည်တည်နဲ့ တွဲကြတာတဲ့။😁😁 I'm not own this novel and just translate into Myanmar.