ဒီရိုးရှင်းတဲ့ တိုက်ကွက်လေးသုံးခုက လီချန်းကို ကသိကအောက်ဖြစ်စေတယ်
ဒီ ဓားသမားရဲ့ တကယ့်ပုံစံအမှန်ကဘာလဲ။
ပြီးတော့ သူက professionalကစားသမား တစ်ယောက်လား ဆိုတာလည်း မသေချာဘူး။ တရုတ်မှာဆိုရင်ကျွမ်းကျင်အဆင့် ပြိုင်ပွဲတွေကို မကစားချင်လို့ ရှောင်ဖယ်သွားကြသူတွေ အများကြီးရှိခဲ့တယ်။ဘာပဲဖြစ်ဖြစ် အသင်းတွေလည်း ဖွဲ့ပြီးကစားခဲ့တာပဲ ဓားသမားနဲ့ပတ်သတ်လို့ သိပ်ပြီး စိတ်ရှုပ်ထွေးစရာမရှိခဲ့ဘူး။
လီချန်းယွီက စဉ်းစားခန်းဖွင့်ရင်း NPCမှာ bounty mission အတွက် taskတစ်ခု ရွေးလိုက်သည်။
ထိုပွဲရဲ့ mission က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို ကိုယ်ရံတော်အနေနဲ့ စောင့်ကြပ်ပေးဖို့ပဲ။သူက ရီစီမြို့နဲ့ မဝေးတဲ့ ညဈေးကို သွားမှာ။
bounty mission မှာအနိုင်ရရင် အဖွဲ့ထဲက တစ်ယောက်ချင်းစီတိုင်းက ဆု အညီအမျှရကြသည်။ အကယ်၍ ကိုယ်က level မြင့်နေလို့ တစ်ယောက်တည်း ကစားနိုင်ရင်တော့ ခွဲစရာမလိုဘူးပေါ့။ သို့ပေမယ့် တော်တော်များများကတော့ တိတိကျကျကို ခြောက်ယောက်ဖွဲ့ပြီး bounty mission ကို ကစားကြတယ်။ ပေးတဲ့ point တွေက အမြင့်ဆုံးဖြစ်သလို နိုင်ဖို့လည်း ခက်လို့လေ ။ လီချန်းယွီလို လူမျိုးကသာ သုံးယောက်တည်းနဲ့ ကစားတာ... နည်းတဲ့ စကေးလား။
သူတို့သုံးယောက်က missionအတွက် ရီစီမြို့ကနေထွက်ခွါလာကြပြီး systemက ဖန်တီးထားတဲ့ မကောင်းဆိုးဝါးသုံးကောင်ကလည်း ခနလေးနဲ့ အသတ်ခံလိုက်ရသည်။
သို့ပေမယ့် ဒီတစ်ခေါက် သတ်လိုက်တာက လီချန်းယွီတော့ မဟုတ် Blossoming tree ပင်။ဓားသမားတစ်ယောက်က အရှုပ်အထွေးတွေနဲ့ တိုက်ခိုက်ရာမှာ ကျွမ်းကျင်သည်။ ဆိုလိုချင်တာက သူတို့က ရန်သူတွေနဲ့ အနီးကပ်တိုက်ရတဲ့ ရန်ပွဲတွေမှာ အားသာချက်ရှိကြပြီး level 20 ရှိတဲ့ ဓားတစ်မားတစ်ယောက်က level နိမ့်တဲ့ အဖွဲ့လိုက်တိုက်တာတွေကို ကစားနိုင်သည်။
Blossoming tree အတွက် ထိုကဲ့သို့ မကောင်းဆိုးဝါးသုံးကောင်လောက်က အာရုံထဲထားစရာမလိုပေ။လီချန်းယွီကတော့ စကားများများပြောမနေပဲ သူ့ကိစ္စကိုသာ ဆက်လုပ်နေသည်။
YOU ARE READING
ဆင့်ခေါ်သူ (Volume I) Complete [Editing]
Teen FictionAbout gamer ဟက် ဘယ်လိုပြောရမလဲ အရမ်းကို cool type နေကြတော့ သူsemeလား ငါ uke လားတောင် မသိတဲ့ God player နှစ်ယောက်က ခပ်တည်တည်နဲ့ တွဲကြတာတဲ့။😁😁 I'm not own this novel and just translate into Myanmar.