အခန်း(၁၇) ကျွင်းမို
ညနေ ၇နာရီထိ လီချန်းယွီတို့နဲ့ စကားပြောပြီးနောက် ရှူရုန်က အသင်းဆီကို ပြန်သွားခဲ့သည်။ လီချန်းယွီက လက်ဖက်ရည်တစ်ခွက်နဲ့ အပြည့်အ၀ အနားယူပြီးနောက် သူ့ရဲ့ ကွန်ပျူတာရှေ့မှာ ထိုင်လိုက်သည်။
ဂိမ်းဖွင့်လိုက်သည်နှင့် တန်းစီ၀င်လာတဲ့ စာတွေအကုန်လုံးက လျိုရှောင်လျိုဆီကပင်။[Hello အကိုကြီး ငါး ၊ ကျွန်တော်တို့အသင်းက အကိုနဲ့ အကို့သူငယ်ချင်း တွေကို Time Guild အသင်းထဲ ၀င်ဖို့ ဖိတ်တာပါ။!]
(အကိုကြီး ငါး = brother fish)
[ဒီနယ်ပယ်မှာက သိတဲ့အတိုင်း ကျွန်တော်တို့ Time Guild အသင်းက အတော်ဆုံးပဲလေ။ ဒါကြောင့် အကိုအဖွဲ့၀င်ရှာတာရော အဖွဲ့လိုက်တိုက်ပွဲတွေအတွက်ပူစရာမလိုပါဘူး။ ကျွန်တော်တို့ အသင်းထဲ ၀င်ရင် အားလုံးက လွယ်ကူနေလိမ့်မယ် !]
[ max level ကို ရောက်တာနဲ့ Time Guild အသင်းရဲ့ အတော်ဆုံး elite အသင်းထဲ ၀င်လို့ရပြီ။ ]
[ဒု ခေါင်းဆောင်ကလည်း ပြောထားသေးတယ် သူ (Great God) ချောင်ဝေ ရဲ့ လက်မှတ် ရဖို့ ရှိတယ်တဲ့။ အကယ်၍ အကိုသာ ကျွန်တော်တို့အသင်းထဲ ၀င်ရင် အဲ့လက်မှတ်ကို ပို့ပေးမယ်!]
"..."
ထိုကမ်းလှမ်းချက်ကို မြင်တော့ Cat God တစ်ယောက် ပါးစပ်ထဲအပြည့် လက္ဖက်ရည်တွေကို ဖူးကနဲ မှုတ်ထုတ်ပစ်လိုက်သည်။ ချောင်ဝေရဲ့လက်မှတ်နဲ့ သူ့ကို ဖမ်းဖို့ ကြံစည်နေတာကိုး ။ တကယ်ပါပဲ Time Guild အသင်းက သူတို့အကျိုးအတွက်ဆိုရင် သူများရဲ့ ခက်ခက်ခဲခဲရတဲ့ လစာကိုတောင် ကိုယ်ကျိုးအဖြစ်သုံးချင် သုံးအုံးမှာ။ သို့ပေမယ့် စိတ်မကောင်းစရာက သူတို့ရဲ့ နတ်ဘုရားချောင်ဝေကလည်း cat god ရဲ့ လက်မှတ်ကို အသေအလဲလိုချင်နေတယ်ဆိုတာကို မသိတာပဲ ။ သူ့နောက်အမြဲလိုက်ပြီး တွေ့တိုင်း လက်မှတ်လိုက်တောင်းနေတတ်တဲ့ ကောင်ငယ်လေးအကြောင်းကို စဉ်းစားမိတော့ လီချန်းယွီမရယ်ပဲ မနေနိုင်တော့။
ချောင်ဝေနဲ့ ရှဲရှူရုန် ..သူတို့ နှစ်ယောက်လုံးက တတိယ ရာသီပွဲမှာ ပွဲဦးထွက်ခဲ့တဲ့ ကစားသမားတွေဖြစ်ပြီး ရှူရုန်ရဲ့ပုံစံက ပိုပြီး ရန်မူတတ်ကာ သူ့မှာ ဓားသမားတစ်ယောက်ရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်လည်းရှိသည်။ သူ့ရဲ့ ပုံစံက သွေးပူပြီး ရန်မူတတ်ပေမယ့် ချောင်ဝေကျတော့ အဖြူရောင်တိုက်ခိုက်ရေးစွမ်းအင်ကိုသုံးကာ ပုံစံတစ်မျိုးကိုဖန်တီးယူထားသည်။ သူ့ရဲ့ အဝေးကနေ ထိန်းချုပ်နိုင်မှုနဲ့ လှုပ်ရှားမှုတို့ အသေးစိတ်ကျခြင်းက ဂိမ်းကစားတဲ့ ပုံစံကို ပိုပြီး ပညားသားပါပါ တတ်မြောက်နေဟန် ရှိစေသည်။
YOU ARE READING
ဆင့်ခေါ်သူ (Volume I) Complete [Editing]
Teen FictionAbout gamer ဟက် ဘယ်လိုပြောရမလဲ အရမ်းကို cool type နေကြတော့ သူsemeလား ငါ uke လားတောင် မသိတဲ့ God player နှစ်ယောက်က ခပ်တည်တည်နဲ့ တွဲကြတာတဲ့။😁😁 I'm not own this novel and just translate into Myanmar.