တုန်လှုပ်ပြီး အံ့ဩကြောက်ရွံ့နေတာက ကစားသမားတစ်ယောက်နဲ့ မသက်ဆိုင်တဲ့ ကိစ္စပဲလေ
ဘာမှ မပြင်ဆင်ရသေးခင်မှာ ဖမ်းမိသွားပေမယ့် ဒုခေါင်းဆောင်ကလည်း သာမန်လူမှ မဟုတ်ပဲ
နောက်ဆုံး တကယ့် ပြဿနာကို ရှာတွေ့သွားခဲ့တယ်။NPC ကို သတ်နိုင်မှ နိုင်မယ်ဆိုပေမယ့် တကယ်ဂရုစိုက်သင့်တာက ကုသသူပဲ
သူတို့က NPC ကို သဲမဲပြီးတိုက်နေပေမယ့် NPC က ကုသသူနဲ့ ချိတ်ထားတာမို့ NPCက သွေးလျော့သွားရင်တောင် ကုသသူ က ပြန်ဖြည့်ပေးနေပြီး NPCကို သတ်နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ။ ထို့အပြင် အဖွဲ့၀င် အရေအတွက်ကလည်း ရှိသေးသည်။ Wind colourအသင်းဘက်က မထင်မှတ်ပဲ တစ်ယောက်လျော့သွားပေမယ့် ငါးယောက်ကျန်သေးပြီး ဘယ်လိုပြောပြော လီချန်းယွီတို့ကို သာနေတုန်းပဲလေ။ကုသသူကို သတ်ပြီးရင် ရှေ့တန်းနှစ်ယောက်ကိုပါ အလိုလို သတ်နိုင်ပြီးသားပဲ။
"ကုသသူ ကို သတ် !"
ညသူရဲကောင်းနှစ်ယောက်က ခေါင်းဆောင်ရဲ့ အမိန့်သံကြားတာနဲ့ ကုသသူနဲ့ အနီးဆုံးကို တိုးကပ်သွားကြသည်။
"ရှောင်ယန် သတိထား "
ဒုခေါင်းဆောင်ရဲ့ အမိန့်သံနဲ့ သတိပေးသံတို့က တစ်ပြိုင်နက်တည်းထွက်ပေါ်လို့နေသည်။သို့ပေမယ့် သူ့သတိပေးချက်က မဆုံးသေး ညသူရဲကောင်းနှစ်ယောက်လုံး လမ်းတ၀က်မှာတင် တိုက်ခိုက်ခံလိုက်ရသည်
Blossoming Tree!
နောက်ဆုံးတော့ ပွဲတစ်ခုလို ကြည့်နေခဲ့တဲ့ ဓားသမားက စတင် လှုပ်ရှား လာခဲ့ပြီ။သို့ပေမယ့် ညသူရဲကောင်း classနဲ့ယှဉ်လာတဲ့အခါ ဓားသမားတွေရဲ့ ကာကွယ်မှုက နိမ့်သလို တိုက်ခိုက်မှုတွေကလည်း မကောင်းပေ။ သို့ပေမယ့် ဓားသမားတွေက ထင်ထားတာထက် လျင်မြန်ဖျတ်လတ်ပြီး သူတို့ရဲ့ တိုက်ခိုက်မှုတွေကလည်း လျှပ်တပြတ် ဆန်သည်။
Blossoming Tree က လက်ထဲက ဓားကိုကိုင်မြှောက်လိုက်ပြီး ညသူရဲကောင်းကို နေရာမှာတင် အေးခဲအောင်လုပ်လိုက်တယ်။ ရင်ဘတ်တည့်တည့်ကို စိုက်၀င်လာတဲ့ ဓားနဲ့အတူ ညသူရဲကောင်းနှစ်ယောက်လုံး ထိန်းချုပ်ခံလိုက်ရပြီး သိပ်မကြာခင်မှာ ထွက်ပေါ်လာတဲ့ ငွေရောင်ဓားရဲ့ စူးရှတဲ့ အလင်းဖြာထွက်မှုပြီးတာနဲ့ ညသူရဲကောင်းနှစ်ယောက်ရဲ့ သွေးကလည်း တဟုန်ထိုး လျော့ကျသွားသည်!
YOU ARE READING
ဆင့်ခေါ်သူ (Volume I) Complete [Editing]
Teen FictionAbout gamer ဟက် ဘယ်လိုပြောရမလဲ အရမ်းကို cool type နေကြတော့ သူsemeလား ငါ uke လားတောင် မသိတဲ့ God player နှစ်ယောက်က ခပ်တည်တည်နဲ့ တွဲကြတာတဲ့။😁😁 I'm not own this novel and just translate into Myanmar.