Zawgyi❤
ဟိုမှာကြည့်စမ်း
အဲ့ဒါဂိုအွန်ယောင်းမှတ်လားဟုတ်သားပဲအရှက်မရှိတဲ့ဂိုအွန်ယောင်း
မတန်မရာမှန်းတဲ့ဂိုအွန်ယောင်းလေတကယ်ပဲလား
မနေ့ကသူမင်ယောင်ဂျွန်းကိုဖွင့်ပြောတယ်ဆိုတာအင်းလေ
ယောင်ဂျွန်းလိုပြီးပြည့်စုံတဲ့လူမျိုးကသူ့လိုမိန်းကလေးမျိုးကိုပြန်ကြိုက်ပါ့မလားအင်းလေ လုံးဝကိုအရှက်မရှိတာပဲ
ဘေးကလူတွေရဲ့စကားသံတွေကိုအွန်ယောင်းကြားနေရသည်။ဒါပေမယ့်သူ့ကိုယ်သူပြန်အားပေးလိုက်သည်။
တော်တယ် အွန်ယောင်းလေး နောက်ဆုံးတော့နင်ချစ်တဲ့လူကိုဖွင့်ပြောနိုင်သွားပြီနေ့စဉ်ရက်ဆက် သူတို့ရဲ့ပါးစပ်ထဲမှာအွန်ယောင်းကိုအဆင့်မရှိတဲ့မိန်းကလေးလိုပြောဆိုနေကြတယ်
သူသဘောကျမိတဲ့ယောက်ျားတစ်ယောက်ကိုဖွင့်ပြောမိတာနဲ့သူကတစ်ကယ်ပဲအဆင့်မရှိတော့ဘူးလား
Yah ဂိုအွန်ယောင်း!
ယောင်ဂျွန်းလား
ဒီလိုလူသွားလူလာနည်းတဲ့နေရာမှာယောင်ဂျွန်းကဘယ်လိုလုပ်ပေါ်လာတာပါလိမ့်
ဟိုနေ့ကဘယ်လိုသတ္တိမျိုးနဲ့ဖွင့်ပြောခဲ့လည်းမသိပေမယ့်အခုတော့အွန်ယောင်းဒူးတွေပါတုန်နေပြီ
တခြားလူတွေသူ့အပေါ်ဘယ်လိုပဲသဘောထားထားကိစ္စမရှိ...ဒါပေမယ့်ယောင်ဂျွန်းအထင်သေးသွားမှာတော့ကြောက်တယ်"ယောင်...ယောင်ဂျွန်း"
"ဘာဖြစ်လို့မင်းမျက်နှာကြီးကိုအောက်ကိုငိုက်စိုက်ချထားတာလဲ
တစ်ခုခုအပြစ်ကျူးလွန်ထားလို့လား""အဲ့ အဲ့လိုမဟုတ်ပါဘူး"
"ညနေကျောင်းဆင်းရင်နှစ်လမ်းကျော်ကပီဇာဆိုင်မှာစောင့်နေ"
ဘာလဲ...ယောင်ဂျွန်းကသူနဲ့မုန့်အတူစားမလို့လား
အွန်ယောင်း လှမ်းကြည့်လိုက်တော့ရှည်လျားတဲ့အရပ်နဲ့ကျယ်ပြောတဲ့ပခုံးပိုင်ရှင်ကောင်လေးကခပ်ဝေးဝေးပင်ရောက်နေပြီ

YOU ARE READING
Catching a Serial Killer to Get A Detective's Love
Fanfictionဒေါသကြီးပါတယ်ဆိုတဲ့စုံထောက်Byunကိုမှချစ်ဖို့ကောင်းတယ်လို့ထင်နေတဲ့ကြေးစားကြီး၏အချစ်အတွက်ကြိုးပမ်းပုံများ