Unicode❤
ဒေါက်တာKim!
"Aww...စုံထောက်Byun"
"ကျွန်တော်နောက်ကျသွားတာတောင်းပန်ပါတယ်။"
"ရပါတယ်...ကြည့်ရတာစုံထောက်တွေလည်းခုရက်ပိုင်းအတွင်းတော်တော်အလုပ်ရှုပ်နေပုံဘဲ။"
"အခုတလော...ထူးဆန်းတဲ့လူသေမှုတွေဖြစ်နေတာလေ...အဲ့တာတွေကြောင့်ကျွန်တော်လည်းဦးနှောက်ခြောက်နေပြီ။"
"ဒါနဲ့ကျွန်တော်တို့ကိုခေါ်တွေ့တာပြောစရာရှိလို့လား"
"ဒီလိုမျိုးပြောခွင့်မရှိဘူးဆိုပေမယ့်ဂိုအွန်ယောင်းအမှုအတွက်စုံထောက်ကြီးတို့သိထားသင့်တယ်ထင်လို့ပါ။အဲ့ဒါကြောင့်သီးသန့်ခေါ်တွေ့လိုက်တာ..."
"ဂိုအွန်ယောင်းအမှုကိုဘယ်လိုဖွင့်ထားတာလဲ"
"အစကတော့လူသေမှုဆိုပြီးအမှုပိတ်လိုက်မို့ဘဲ...ဒါပေမယ့်ထူးဆန်းနေလို့...မသင်္ကာစရာအချက်တွေလည်းရှိတယ်လေ...သက်သေတစ်ချို့လည်းရှိတယ်။အဲ့ဒါကြောင့်လူသတ်မှုအဖြစ်အမှုပြန်ဖွင့်လိုက်တယ်။"
Dr.Kimမှာ သူ၏မျက်မှန်ကိုချွတ်ပြီးမျက်ရိုးကိုနှိပ်နယ်နေတယ်။
"ကျွန်တော့်အထင်ပြောရရင်ကိစ္စတွေကအဲ့လောက်မရိုးရှင်းဘူးထင်တယ်။"
"ဘာလို့လဲ...အလောင်းခွဲစိတ်တဲ့ရလဒ်ကတစ်ခုခုမှားနေလို့လား"
"ဂိုအွန်ယောင်းကရေနစ်သေဆုံးတာဆိုပေမယ့်...အဓိကကအဲ့ဒါမဟုတ်ဘူး။"
"ဒေါက်တာပြောချင်တဲ့သဘောက..."
"ဟုတ်တယ်...အဆိပ်ဘဲ...Arsenic"
Nae!!!
"သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေကအတော်ကိုပျက်စီးနေတယ်...အထူးသဖြင့်အသည်းနဲ့ကျောက်ကပ်...
သူ့ရဲ့သွေးနဲ့ဆီးထဲမှာarsenicတွေတွေ့ရတယ်။
Toxicology departmentကလည်းအတည်ပြုပြီးပြီ။
တခြားလူရဲ့လက်ဗွေနဲ့အခြားထူးဆန်းတာတွေတော့မရှိဘူး။ဖြစ်နိုင်တာကအဲ့အဆိပ်ကိုနစ်နာသူကိုယ်တိုင်သောက်ခဲ့တယ်လို့ယူဆမိတယ်။အဲ့တော့...ကျွန်တော်တို့ဘက်ကအသေးစိတ်ပြန်ပြီးစစ်ဆေးရမယ်။
ပြောချင်တာက...တိကျတဲ့အဖြေထုတ်ပေးဖို့ရက်အနည်းငယ်ထက်စောင့်ရလိမ့်မယ်။
ဒီကြားထဲမှာလည်းတစ်ခုခုဖြစ်ပျက်သွားနိုင်လို့စုံထောက်ကြီးကိုကြိုပြီးအသိပေးတာပါ"
YOU ARE READING
Catching a Serial Killer to Get A Detective's Love
Fanfictionဒေါသကြီးပါတယ်ဆိုတဲ့စုံထောက်Byunကိုမှချစ်ဖို့ကောင်းတယ်လို့ထင်နေတဲ့ကြေးစားကြီး၏အချစ်အတွက်ကြိုးပမ်းပုံများ