Unicode❤
Baekhyunကော်ဖီခွက်ကိုရှေ့တိုးပေးလိုက်သည်။
"သောက်လိုက်ပါ"
ထိုအခါထိုလူကကော်ဖီခွက်ကိုယူသောက်လိုက်ပြီးနောက်သက်ပြင်းရှည်ကြီးချလိုက်သည်။
ထိုလူကတော့မင်ယောင်ဂျွန်း
သူPark Chanyeol လှီးထားပေးတဲ့သခွားသီးတွေနဲ့ပေါင်းတင်နေတုန်းဧည့်သည်ရောက်လာတယ်လေ။ဒါပေမယ့်လုံးဝထင်မထားတဲ့လူဖြစ်နေတာ...
"စိတ်ငြိမ်သွားပြီလား"
"Nae...
ကျွန်တော်မနက်ဖြန်ပြင်သစ်မှာကျောင်းသွားတက်တော့မှာ""အဲ့တာအသိပေးချင်လို့ငါ့ဆီလာတော့မဟုတ်လောက်ပါဘူး"
"အွန်ယောင်း...ကျွန်တော်အွန်ယောင်းနဲ့ပတ်သတ်ပြီးပြောစရာလေးတွေရှိလို့ပါ"
"အဲ့ဒါဆိုဘာလို့စခန်းကိုမလာတာလဲ"
"စုံထောက်Byun...ခင်ဗျားလည်းသိပါတယ်။ကျွန်တော့်အခြေအနေကရဲစခန်းကိုလာဖို့အဆင်မပြေဘူးဆိုတာ...အခုရွေးကောက်ပွဲလည်းနီးလာပြီလေ...ကျွန်တော်တို့တစ်မိသားစုလုံးသွားသတိစားသတိနဲ့နေနေရတာ...ကျွန်တော်သာအမှုတစ်ခုနဲ့ပတ်သတ်နေမှန်းသိရင်ကျွန်တော့်အဖေအတွက်မကောင်းဘူး"
"အဲ့ဒါကအကြောင်းပြချက်လား!
yah...ဒီမှာ...မင်းဂိုအွန်ယောင်းကိုတကယ်ချစ်တာမှဟုတ်ရဲ့လားကွာ။
မင်းချစ်တဲ့လူကသေသွားတာနော်...အဲ့ဒါတောင်မင်းကနာမည်ပျက်မှာစိုးနေရသလားကွာ"သူကခံပြင်းလွန်းလို့ပြောလိုက်ပေမယ့်သူ့ဘေးကလူနားနားလာကပ်ပြီးပြောတဲ့စကားကြောင့်ဒေါသကထောင်းကနဲ...
Babyမင်းကယောကျ်ားကောင်းပဲတဲ့လေ
Yah...ခင်ဗျားကဒီမှာဘာလာထိုင်လုပ်နေတာလဲ...အင်္ကျီလေးဘာလေးသွားဝတ်...မရှက်ဘူးလား!!!
"ကိုယ်ကကိုယ့်Body နဲ့ပတ်သတ်ပြီးကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ဘဲ"
အရင်နေ့ရက်တွေတုန်းကလည်းသူအဲ့လိုအပေါ်ပိုင်းဗလာနဲ့အမြဲနေနေကျဆိုပေမယ့်အခုကသူစိမ်းရှိတယ်လေ...သူကအမြဲမြင်နေကြလူဆိုတော့ကိစ္စမရှိပေမယ့်သူရဲ့အမိုက်စားBodyကိုတစ်ယောက်ယောက်မြင်သွားရင်...
YOU ARE READING
Catching a Serial Killer to Get A Detective's Love
Fanfictionဒေါသကြီးပါတယ်ဆိုတဲ့စုံထောက်Byunကိုမှချစ်ဖို့ကောင်းတယ်လို့ထင်နေတဲ့ကြေးစားကြီး၏အချစ်အတွက်ကြိုးပမ်းပုံများ