Unicode"Richardကဘာလို့မိဘစကားနားမထောင်တာလဲဟင်"
"အရွယ်ရောက်လာပြီးကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်လာလို့ပေါ့။ ဒါပေမယ့် သူတို့ချတဲ့ဆုံးဖြတ်ချက်တိုင်းက မမှန်နိုင်ဘူးဆိုတာကိုသူမသိဘူး။ မိဘကဆုံးမလာရင် သူတို့ကိုချုပ်ချယ်တာ သူတို့အပေါ်နားမလည်တာလို့မြင်လာတယ်။ ကိုယ့်ကိုယ်ကိုချုပ်ချယ်ခံနေရတဲ့လူလိုခံစားနေရတဲ့အတွက် မိဘအရိပ်အောက်ကနေထွက်ပြေးဖို့ကြိုးစားကြတယ်။
"တကယ်ဆို Richardသာ ငှက်မေမေကြီးရဲ့စကားကိုနားထောင်ခဲ့ရင်ဒီလိုမုန်တိုင်းကြောင့်သေရမှာမဟုတ်ဘူးနော်"
"ဟုတ်ချင်လည်းဟုတ်မှာပေါ့"
မျှော်လင့်တကြီးစောင့်စားနေပေမယ့် သူရဲ့အဖြေကို
"ပက်ထရစ်"ဆိုတဲ့ကောင်လေးကို စိတ်ကျေနပ်မှုမပေးနိုင်ဘူးနဲ့တူပါရဲ့။ တကယ်တော့ သူ့မှာ ထိုမေးခွန်းအတွက်အဖြေကရှိပြီးသား။ ဒါပေမယ့် ၅နှစ်အရွယ်ကလေးတစ်ယောက်ကတော့ ကောင်းကောင်းနားလည်မှာမဟုတ်ဘူး။လူသားတော်တော်များများက ကိုယ့်စိတ်ကိုမထိန်းချုပ်နိုင်ဘူး။ မှန်တယ်ထင်ရင်ဇွတ်တိုးချင်တယ်။ ခေါင်းလည်းမာကြတယ်။ အဲ့ဒီအထဲမှာ အသက် ၂၀ ဝန်းကျင်မြီးကောင်ပေါက်အရွယ်တွေကအဆိုးဆုံး။ စိတ်ဓာတ်အတက်အကျမြန်သလို ဘာမဟုတ်တဲ့အကြောင်းအရာတစ်ခုကိုလိုက်ခံစားပြီး ကိုယ့်စိတ်ကိုဆွဲချနေတတ်ကြတယ်။ ပျံတတ်ခါစငှက်ကလေးRichardလို အသစ်အဆန်းတွေကိုရှာဖွေစူးစမ်းချင်ကြတယ်။ အကျိုးသင့်အကြောင်းသင့်မစဥ်းစားတတ်တော့ဘဲ သူတို့ယုံကြည်မှုနဲ့ဆန့်ကျင်လာတဲ့လူမှန်သမျှက သူတို့အပေါ်မကောင်းတဲ့လူလို့မှတ်ယူတတ်ကြတယ်။ ဥပမာအားဖြင့် ဂိုအွန်ယောင်းနဲ့ ချွဲယောင်ဟီးလိုပေါ့။
သူက တစ်လတစ်ခါဒီ Holy Heartဆိုတဲ့ဘုရားကျောင်းကိုလာနေကြ...ဒီမှာရှိတဲ့ကလေးတွေကိုစာဖတ်ပြတာ ၊ ကျန်းမာရေးစစ်ဆေးပေးတာ ၊ စိတ်ပိုင်းဆိုင်ရာဆွေးနွေးတာတွေလုပ်ပေးလေ့ရှိတယ်။ ဒီအလုပ်ကအကျိုးမရှိပုံပေါ်ပေမယ့် တကယ်တမ်းကျတော့အရမ်းအကျိုးရှိတယ်။ သူ့ရဲ့မြင့်မြတ်တဲ့သန့်စင်ခြင်းအတွက်အရွေးခံရတဲ့လူတွေကိုစာသင်ကျောင်းနဲ့ဘုရားကျောင်းအပြင် ဒီလိုနေရာမျိုးတွေမှာလည်းတွေ့ရတတ်တယ်။
YOU ARE READING
Catching a Serial Killer to Get A Detective's Love
Fanfictionဒေါသကြီးပါတယ်ဆိုတဲ့စုံထောက်Byunကိုမှချစ်ဖို့ကောင်းတယ်လို့ထင်နေတဲ့ကြေးစားကြီး၏အချစ်အတွက်ကြိုးပမ်းပုံများ