Unicode❤
အိပ်ရာနိုးတာနဲ့ရေမိုးချိုးအဝတ်စားလဲပြီးစခန်းကိုသွားရန်ပြင်သည်။
"ဒါဘာလုပ်နေတာလဲဘေဘီ"
ဖိနပ်ပင်မစီးရသေးထွက်ပေါ်လာတဲ့အသံကြောင့်သမင်လှည်ပြန်ကြည့်လိုက်သည်။
ဟုတ်သား...သူ့အိမ်မှာလူရမ်းကားရောက်နေတာပဲအခုအဲ့လူဝတ်ထားတဲ့အေပရွန်အပြာနုရောင်နဲ့လက်ထဲကယောက်ချိုဇွန်းကြီးကကြွက်သားအပြည့်နဲ့သူ့bodyနဲ့မလိုက်ဖက်လိုက်တာ...
"ကိုယ်မနက်ခင်းအားကစားလုပ်ပြီးပြန်လာပြီ...မင်းမထသေးဘူး။ကိုယ်မနက်စာပြင်ပြီးတဲ့အထိလည်းမင်းမထသေးဘူး။ပင်ပန်းလို့နေမှာပါဆိုပြီးကိုယ်မနှိုးဘဲထားလိုက်တယ်။အခုလည်းမနက်စာမစားဘဲသွားဖို့ပြင်နေပြန်ပြီ။မင်းကိုယ့်ကိုစမ်းနေတာလားဘေဘီ"
"အချိန်မှန်အိပ်အချိန်မှန်စားဖို့ပြောတာဘယ်နှစ်ခါရှိပြီလဲ...ခက်လိုက်တာBabyရယ်"
လူရမ်းကားမဟုတ်ဘူး...အမေ...အမေရောက်နေတာ
သူပြောနေတဲ့glucoseကိုဘလာဘလာပြောင်းပြီးstoreလုပ်တာတွေကောenergyအဖြစ်သုံးတာတွေကောဘာမှမသိချင်...နားငြီးသက်သာဖို့ဘဲလိုတယ်
စားရင်ပြီးတာပဲမှတ်လား!!!
သူနောက်ဆုံးကျန်တဲ့ဟင်းရည်တစ်ဇွန်းကိုခပ်သောက်ပြီးတဲ့နောက်မှာထလိုက်ပြီးအလုပ်သွားဖို့ပြင်သည်။
Baby wait!!!
ဘာ....အွတ်
သွားပြန်ပြီ...သတိထားနေရဲ့သားနဲ့Park Chanyeolနမ်းတာခံနေရပြန်ပြီ။
အသက်ရှူကျပ်လာလို့တွန်းထုတ်မိတော့ကြည့်ကောင်းအောင်ပြုံးပြလာသည့်ထိုလူသား။
လိမ္မာလို့ဆုချတာဆိုပြီးသူ့ခေါင်းကိုလာပုတ်နေပြန်ပြီ
သူများတွေသူ့ခေါင်းကိုင်ရင်မကြိုက်ဘူး...ဒါပေမယ့်Park Chanyeolကိုင်ရင်ကြိုက်တယ်။
"ကျွန်...ကျွန်တော်သွားတော့မယ်...ပန်းကန်တွေခင်ဗျားဘဲဆေးလိုက်"
ထိုလူသူ့ကိုကြည့်နေမှန်းသိပေမယ့်အပြင်သာပြေးထွက်လာခဲ့သည်။
YOU ARE READING
Catching a Serial Killer to Get A Detective's Love
Fanfictionဒေါသကြီးပါတယ်ဆိုတဲ့စုံထောက်Byunကိုမှချစ်ဖို့ကောင်းတယ်လို့ထင်နေတဲ့ကြေးစားကြီး၏အချစ်အတွက်ကြိုးပမ်းပုံများ