Part-16

2K 335 7
                                    

Unicode❤

သူစစ်ဆေးရေးအခန်းထဲမှာရှိတဲ့၁၆နှစ်အရွယ်ကောင်လေးကိုစူးစိုက်စွာကြည့်နေမိသည်။
ထိုကောင်လေးက၁၆နှစ်သာဆိုတယ်...လူကောင်ကသူ့ထက်ကြီးတယ်။ဂျီအွန်းရဲ့စျာပနပွဲတုန်းကအပေါက်ဝမှာတွန့်ဆုတ်တွန့်ဆုတ်လုပ်နေတဲ့ကောင်လေးဘဲ

flashback start

ထိုနေ့ကKim Luhanနဲ့တွေ့ပြီးနောက်Baekhyun စျာပနကိုပြန်လာခဲ့သည်။

Park Chanyeolကသေသေချာချာကြီးကြပ်ပေးနေတာကြောင့်အရာအားလုံးကအဆင်ပြေချောမွေ့လျက်ရှိသည်။

"Aww ဘေဘီပြန်လာပြီလား"

Baekhyunခေါင်းသာငြိမ့်ပြလိုက်သည်။ဟိုမှာဘာတွေဖြစ်ခဲ့တယ်ဆိုတာတော့သူမပြောတော့ပါ။Park Chanyeolသိရင်ထိုလူတွေအလုပ်ပြုတ်ကုန်ပါအုံးမယ်လေ...

"ဒါနဲ့ဘေဘီ...ဟိုကောင်လေးကဘာလာချောင်းနေတာလဲမသိဘူး။အဲ့နားကနေချောင်းနေတာတော်တော်ကြာပြီ"

"ကျွန်တော်သွားမေးလိုက်အုံးမယ်...နေနေကိုယ်သွားလိုက်မယ်"

ခဏကြာတော့Park Chanyeolနောက်ကိုထိုကောင်လေးကလိုက်လာသည်။

"ဘာတဲ့လဲ"

"ခယ်မလေးရဲ့ကျောင်းသားတဲ့"

ထို့နောက်ထိုကောင်လေးလုပ်လိုက်တဲ့အပြုအမူကိုသူတို့နှစ်ယောက်လုံးကြောင်ကြည့်နေမိသည်။

ကောင်လေးမှာတော့ဂျီအွန်းရဲ့ဓာတ်ပုံရှေ့မှာဒူးထောက်ပြီးခေါင်းငုံ့နေတယ်။ဒါပေမယ့်ထိုကောင်လေးရဲ့မျက်ရည်တွေကတော့ကြမ်းပြင်ပေါ်မှာတစ်စက်စက်နဲ့။သို့သော်များမကြာမီလူနှစ်ယောက်ရောက်လာပြီးထိုကောင်လေးကိုချိုင်းကမပြီးခေါ်ထုတ်သွားသည်။

"အဲလေနော်...ဘေဘီအဲ့မြင်ကွင်းကြီးကDramaထဲမှာပါနေကြဟိုဇာတ်ဝင်ခန်းနဲ့မတူဘူးလား"

ဘယ်ဇာတ်ဝင်ခန်းလဲ!

"ချမ်းသာတဲ့သူဌေးသားလေးကအိမ်ကသဘောတူတဲ့မိန်းကလေးနဲ့လက်ထပ်ခါနီးမှာသူတကယ်ချစ်တဲ့လူဆုံးသွားတဲ့သတင်းကိုကြားပြီးအပြေးရောက်လာတဲ့ဇာတ်ဝင်ခန်းမျိုးလေဟိဟိ"

"မင်းကငါ့ညီမစျာပနမှာတောင်နောက်နိုင်သေးတယ်နော်"

"ခယ်မလေးကိစ္စကြောင့်စိတ်မကောင်းပေမယ့်မင်းဒီလိုဖြစ်နေတာတော့ကိုယ်တကယ်မကြည့်ရက်လို့ပါ"

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now