Unicode❤
ချွဲယောင်ဟီး...
သူမကစကားအများကြီးပြောရတာမနှစ်သက်ဘူး
သူငယ်ချင်းအတန်းဖော်တွေနဲ့ဖက်လှဲတကင်းနေရတာမျိုးလည်းမကြိုက်ဘူး။သူမကလူရှုပ်ပြီးဆူညံတဲ့နေရာမျိုးတွေထက်နေရောင်ကောင်းကောင်းရပြီးတိတ်ဆိတ်တဲ့ထောင့်လေးမှာစာဖတ်နေရတာကြိုက်တယ်။
သူမကိုကြည့်လိုက်ရင်အမြဲတစ်ယောက်တည်းဖြစ်နေတတ်တယ်။အတန်းဖော်သူငယ်ချင်းတွေကသူ့ကိုပစ်ပယ်ထားလို့မဟုတ်...သူကိုယ်တိုင်ကကိုလူတွေနဲ့အရောတဝင်မနေနိုင်တာ...
အရယ်အပြုံးမရှိ ၊ ပျော်ရွှင်ဝမ်းနည်းတဲ့အမူအရာမျိုးတစ်ခါမှမပြဘဲရှုတည်တည်ပုံစံမျိုးနှင့်သာ...
ထို့ကြောင့်အတန်းဖော်တွေကသူ့ကိုရေခဲမင်းသမီး၊မာနကြီးတဲ့မိန်းကလေးဆိုပြီးနာမည်ပြောင်တွေပေးထားတယ်
ချွဲယောင်ဟီးရဲ့နေ့စဥ်ဘဝဟာရိုးရိုးရှင်းရှင်းစိတ်ဝင်စားဖို့မကောင်းတဲ့ပုံစံမျိုးဖြစ်တယ်။
အဲ့လိုရိုးရှင်းစွာနေထိုင်နေတဲ့သူမရဲ့နေ့စဥ်ဘဝလေးဟာonlineပေါ်ကနေမတော်တဆကြည့်မိတဲ့Fan camလေးတစ်ခုကြောင့်ပြောင်းလဲလာမယ်လို့ဘယ်သူကထင်မှာလဲ။
အဲ့ဒီနေ့ကအွန်ယောင်းစာကြည့်ပြီးနောက်အိပ်ရာပေါ်မှာဖုန်းသုံးနေတာ...New feed တစ်ခုလုံးကိုအပေါ်အောက်ပွတ်ဆွဲကြည့်နေပေမယ့်စိတ်ဝင်စားဖို့ကောင်းတာမရှိ...
ဒါပေမယ့်သူ့လက်ကfan camလေးတစ်ခုကိုနှိပ်မိသွားတယ်။Video လေးထဲမှာတော့...ငယ်ရွယ်ချောမောလှတဲ့ကောင်လေးတစ်ယောက်ကstageပေါ်မှာရပ်ပြီးသီချင်းဆိုနေတယ်။ကောင်လေးသီချင်းဆိုနေတာကိုကြည့်ရတာခွန်အားတွေပြည့်ဝနေပြီးသူ့ကိုယ်ကနေအရောင်အဝါတွေထွက်နေသလိုခံစားရတယ်။
စိတ်အားငယ်လာတဲ့အခါ...
အထီးကျန်လာတဲ့အခါ...
အဆင်မပြေမှုတွေနဲ့ကြုံလာတဲ့အခါဝအောင်ငိုချလိုက်ပါ။
မင်းအနားမှဘယ်သူမှမရှိတဲ့အခါ...
မင်းမမေ့ပါနဲ့
ငါကမင်းရဲ့ဘေးမှာအမြဲရှိနေမှာ...
ငါ့ရဲ့သီချင်းတွေကမင်းရဲ့တစ်နေ့တာအတွက်အားဖြစ်စေမှာ...🎶🎶🎶
YOU ARE READING
Catching a Serial Killer to Get A Detective's Love
Fanfictionဒေါသကြီးပါတယ်ဆိုတဲ့စုံထောက်Byunကိုမှချစ်ဖို့ကောင်းတယ်လို့ထင်နေတဲ့ကြေးစားကြီး၏အချစ်အတွက်ကြိုးပမ်းပုံများ