Unicode❤
"Oppa ငါလာမည့်စနေပြန်လာမှာနော်"
အဲ့တော့!
"နင့်ရည်းစားကိုသတိထားဖို့ပြောထားအုံး....ငါမမြင်သင့်တာတွေမမြင်ချင်ဘူး"
ချီးကိုရည်းစား
ငါ့ရည်းစားမဟုတ်ဘူးလို့ပြောထားတယ်မှတ်လား!"နင်ကသာအဲ့လိုပြောနေ...ဟိုကနင့်ကိုတော်တော်ဖြစ်နေတာနော်"
"ဒီကောင်မလေးကတော့ဘာတွေပြောနေမှန်းမသိဘူး...နင့်အလုပ်ပဲနင်လုပ်စမ်းပါ
အခုရောနင့်နောက်ကိုတစ်ယောက်ယောက်လိုက်နေသေးလား""ဟင်အင်း...အခုတော့မလိုက်တော့ဘူး....ငါအခုအဆင်ပြေနေပါပြီ"
"ငါပြောသားပဲ...နင်စိတ်ထင်လို့ဖြစ်မှာပါဆို
ဘာဘဲဖြစ်ဖြစ်သတိတော့ထားနေနော်...တစ်ခုခုကိုငါ့ကိုဖုန်းဆက်ဖို့မမေ့နဲ့""နင်သာဖုန်းကိုင်စမ်းပါ"
အေးပါ!
"Oppa...ငါ့စာသင်ချိန်ရောက်တော့မယ်။နောက်အပတ်ကျရင်ငါ့ချစ်သူနဲ့မိတ်ဆက်ပေးမယ်ဟီးဟီး...တာ့တာနော်"
Aigoo
ဒီကောင်မလေးကတော့...Baekhyunညီမငယ်အကြောင်းတွေးမိတော့ပြုံးမိသည်။
ကိုယ်ကသာသူ့ကိုကလေးလေးလိုမြင်နေတာ...သူကအခုတော့ရည်းစားတောင်ရှိနေပြီလား...သူလည်းအကိုကြီးအဖရာဆိုတဲ့တာဝန်တွေကိုလုပ်ရတော့မယ်ထင်ပါတယ်။
ပြီးခဲ့တယ့်အပတ်ကအဲ့မိန်းကလေးကအိမ်ကိုမပြောမဆိုနဲ့ရောက်ချလာတယ်လေ...
အဲ့နေ့မှာဘဲတိုက်တိုက်နဲ့ဆိုင်ဆိုင်ဆိုသလို...အပေါ်ပိုင်းအဝတ်ဗလာနဲ့သူစိမ်းယောကျ်ားတစ်ယောက်ကမီးဖိုထဲမှာချက်ပြုတ်နေတာကိုတွေ့လိုက်ရပြီးသူ့ခမျာတော်တော်ရှော့ရသွားပုံရတယ်။
ထို့နောက်ခါးမှာတဘက်အပိုင်းလေးပတ်ပြီးထွက်လာတဲ့အကို....
သူ့ခင်ဗျာဟင်းချက်နေတဲ့Park Chanyeolကိုတစ်လှည့်အကိုဖြစ်သူကိုတစ်လှည့်ကြည့်ပြီးကြောင်တောင်တောင်လေးရပ်နေရှာတာ"တောင်း....တောင်းပန်ပါတယ်...ငါ...ငါဘဲလ်မတီးဘဲဒီတိုင်းကြီးဝင်လာမိတာ"
ESTÁS LEYENDO
Catching a Serial Killer to Get A Detective's Love
Fanficဒေါသကြီးပါတယ်ဆိုတဲ့စုံထောက်Byunကိုမှချစ်ဖို့ကောင်းတယ်လို့ထင်နေတဲ့ကြေးစားကြီး၏အချစ်အတွက်ကြိုးပမ်းပုံများ