Part-24

1.5K 252 0
                                    

Unicode❤

မထင်ထားလောက်အောင်ကြီးကျယ်ခမ်းနားတဲ့ခြံနဲ့အိမ်ကြီးကိုBaekhyunပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သည်။သို့သော်အလှအပတွေကိုခံစားဖို့သူ့မှာစိတ်ကူးမရှိ...ခြံတံခါးလည်းသော့မခပ်ထားသလိုအစောင့်လည်းတစ်ယောက်မှမရှိပေ။ကျောက်ခင်းလမ်းလေးအတိုင်းလျှောက်သွားပြီးနောက်အိမ်မကြီး၏တံခါးရှေ့ကိုရောက်သည်။လျို့ဝှက်ကုဒ်တောင်းနေသည့်အတွက်နံပါတ်အချို့အမြန်နှိပ်ထည့်လိုက်သည်။ချက်ချင်းပွင့်သွားသောတံခါးကြောင့်သူအော်ဆဲမိမတတ်ဖြစ်သွားသည်။အိမ်ထဲဝင်လိုက်တာနဲ့သူရင်းနှီးနေကျအနံ့မျိုးကိုရသည်။

"ရောက်လာပြီလားဘေဘီ"

"......."

"ကိုယ်မင်းကိုကြည့်နေတာ"

ကြည့်ရတာသူလာခဲ့တဲ့လမ်းတစ်လျှောက်မှာလျို့ဝှက်ကင်မရာတွေတပ်ထားပြီးဒီScreenပေါ်ကနေထိုင်ကြည့်နေပုံရသည်။

"ခင်ဗျားကျွန်တော့်ကိုပြောစရာရှိလားPark Chanyeol
သြော်...မဟုတ်ဘူးRryn Park"

"ဘေဘီဘာလို့အရင်မထိုင်တာလဲ
ကိုယ်ကော်ဖီသွားဖျော်လိုက်အုံးမယ်။"

Park Chanyeol shi!!!

ကျွန်တော်ကArsenic Killerအမှုရဲ့တရားခံကိုပြန်ပေးဆွဲသွားတဲ့လူကိုဖမ်းဖို့လာတာ...ပျင်းလို့ကော်ဖီလာသောက်တာမဟုတ်ဘူး!

"အဲ့ဒါဆိုဘာလို့ရဲတွေတစ်ခါတည်းမခေါ်လာတာလဲဘေဘီ
ကိုယ့်ကိုလွယ်လွယ်လေးဖမ်းလို့ရမယ်ထင်နေလို့လား"

"မထင်ပါဘူး...အဲ့တော့အေးဆေးထိုင်ပြီးရှင်းပြပါ"

ကောင်းပြီလေ!

ကိုယ့်အဖေကပြည်သူတွေလေးစားရတဲ့နိုင်ငံရေးသမားတစ်ယောက်ပေါ့။ဒါပေမယ့်သူကဂိုဏ်းခေါင်းဆောင်တစ်ယောက်လည်းဖြစ်တယ်။အဲ့ဒီဂိုဏ်းကကိုယ်တို့ဆွေစဥ်မျိုးဆက်ဆက်ခံလာကြတာ...ကြားထဲကကိစ္စတွေကိုကိုယ်မသိဘူး။ကိုယ်ကနိုင်ငံခြားမှာKris Hyungတို့နဲ့နေတာများတယ်။ကိုယ်ပြန်လာတဲ့အချိန်မှာဒီအိမ်မှာကောင်လေးတစ်ယောက်ယောက်နေတယ်။အသက်သိပ်မကွာပေမယ့်...သူကမွေးစားသားအမည်ခံအလုပ်သမားဆိုပေမယ့်ကိုယ်သူ့ကိုအစ်ကိုလိုဆက်ဆံခဲ့တယ်။ချစ်ကြိုက်လို့ယူထားတာမဟုတ်တဲ့ကိုယ့်အဖေနဲ့အမေဟာကိုယ့်ကိုဖက်လဲတကင်းမရှိကြဘူး။သူတို့ဝတ္တရားသူတို့ကျေအောင်ဘဲလုပ်ကြတယ်။သူတို့စိတ်ထဲမှာငွေကြေးအာဏာကလွဲပြီးဘာမှမရှိဘူး။မေတ္တာအကြင်နာဆိုတာဘာမှန်းမသိတဲ့ကိုယ့်အတွက်သူကအစ်ကိုအရင်းတစ်ယောက်နဲ့မခြားဘူး။ကိုယ်သူ့ကိုယုံကြည်ခဲ့တယ်။အဲ့နေ့ညမတိုင်မီထိပေါ့။

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now