Part-6

3.2K 456 22
                                    

Unicode❤

Yah...Byun Jieun...မနက်စာကဘာစားရမှာလဲ!!!

အိပ်ရာထဲကမထွက်သေးဘဲအရင်လိုမျက်လုံးပိတ်ကာအော်နေပြီးမှJieun ကကျောင်းကပေးတဲ့အဆောင်ကိုပြောင်းသွားမှန်းအမှတ်ရလိုက်သည်။

မရှိမှတန်ဖိုးကိုနားလည်တယ်ဆိုတာတကယ်မှန်တာဘဲ...Jieunသာ ရှိနေရင်အခုလိုသူduty offတဲ့နေ့မျိုးဆိုဖွယ်ဖွယ်ရာရာတွေချက်ကျွေးတတ်သေးသည်။

"Aigoo...ငါ့ရဲ့ညီမအကောင်းစားလေး"

ညီမတော်ကိုလွမ်းနေတဲ့baekhyunတစ်ယောက်နာရီကြည့်လိုက်မိတော့မနက်၉နာရီထိုးနေပြီ။သူကနားရက်တွေဆိုရင်နောက်ကျတဲ့အထိအိပ်တတ်တယ်လေ...အဲ့လိုအကျင့်ဆိုးတွေကိုPark Chanyeolကလုံးဝမကြိုက်...အဲ့လူကအချိန်မှန်အိပ်အချိန်မှန်စားမှကြိုက်တာ...သူသာသိရင်ပွားနေအုံးမှာ

ကျွစ်!

ငါကဘာကိစ္စသူပွားမှစိုးရိမ်နေရတာလဲ...ငါ့လုပ်စာနဲ့ငါ့ငါစားနေတဲ့ကိစ္စကို...လာပွားရဲပွားကြည့်ပါ့လား"နှစ်သက်ရာနံရိုးတစ်ချောင်းချိုးပါ"ဖြစ်သွားမယ်

ပြောသာပြောရတာပါ...ဟိုလူသာသူ့ကိုမညှာရင်သူနိုင်စရာအကြောင်းကိုမရှိတာ

သူရေမိုးချိုးပြီးတော့မနက်၁၀ထိုးခါနီးပြီ...အခုထိမနက်စာမစားရသေးပေ။မထူးပါဘူးလေ...မနက်စာနဲ့နေ့လည်စာပေါင်းစားလိုက်တော့မယ်
ထို့နောက် မီးဖိုချောင်တစ်ခုလုံးကိုစုံထောက်မျက်လုံးနဲ့ရှာဖွေပြီးနောက်ခေါက်ဆွဲခြောက်နှစ်ထုပ်ရလာသည်။ရေခဲသေတ္တာထဲကကင်ချီလေးနဲ့ဆိုကွက်တိ...
ထုံးစံအတိုင်းခေါက်ဆွဲအိုးလေးမပြီးTVရှေ့သွားရန်ပြင်ခိုက်မြည်လာသောဘဲလ်သံကြောင့်အိမ်ရှေ့ပေါက်ကိုပြေးရသည်။အပြင်ဘက်ကိုချောင်းကြည့်တော့အမဲရောင်ဝတ်စုံနဲ့လူသန်ကြီးသုံးဦး...

ဘယ်သူ့ကို!

Hyungnim!!!

Fuck!!!
လန့်လိုက်တာဟ!!!

"ဘယ်သူပါလဲ"

"ကျွန်တော်တို့ကbossရဲ့ပစ္စည်းတွေကိုလာရွှေ့ပေးတာပါ"

ဘယ်သူရဲ့ပစ္စည်း...မဟုတ်မှ...Park Chanyeolလား!

Nae Hyungnim!

Catching a Serial Killer to Get A Detective's LoveHikayelerin yaşadığı yer. Şimdi keşfedin