UNICODE❤
"သတိရလာပြီလားHyung"
"ဒါဘယ်နေရာကြီးလဲ"
"ဆေးရုံလေ..."
ဘာလို့ဆေးရုံကိုခေါ်လာတာလဲ...ငါဆေးရုံတွေမုန်းတာမသိဘူးလား!!!
"အယ်...အခုလိုအော်နိုင်ပြီဆိုတော့အားပြည့်သွားပုံဘဲ..."
ဘယ်လိုဖြစ်ပြီးရုတ်တရက်ကြီးမေ့လဲသွားရတာလဲ...လူကိုစိတ်ပူအောင်!!!ဘယ်သူကမင်းကိုပူခိုင်းလို့လဲ!!!
"ကျွန်တော်သိတဲ့စုံထောက်Byunကအရမ်းကိုသန်မာပြီးဒေါသအရမ်းကြီးတာ...အခုလိုအားနည်းတဲ့ပုံစံကိုမြင်လိုက်ရတော့..."သြော်ငါ့Hyungလည်းအသွေးအသားနဲ့တည်ဆောက်ထားတဲ့လူပါဘဲလား"လို့တွေးမိသွားလို့
ကိုယ့်ကိုယ်ကိုယ်အရမ်းတွန်းအားမပေးပါနဲ့Hyungရယ်...ကျွန်တော်တို့လည်းရှိနေတာပဲလေ""သွားစမ်းပါ...ဘာတွေလာပြောနေတာလဲ...နားငြီးတယ်"
ဟက်...
"အဲ့ဒါဆိုလည်းကျွန်တော်အပြင်မှာဆရာဝန်နဲ့သွားတွေ့လိုက်အုံးမယ်။"အခန်းထဲကထွက်သွားတဲ့Sehunရဲ့နောက်ကျောကိုကြည့်ပြီးသူတွေးမိတယ်။ဟိုလူသာဆိုရင်အားနည်းတဲ့Byun Baekhyunဖြစ်ဖြစ်၊သန်မာတဲ့Byun Baekhyunဖြစ်ဖြစ်ဂရုစိုက်ပေးမှာဘဲ။ထိုလူမရှိတာနဲ့Baekhyunရဲ့နေ့စဥ်ဘဝကအရင်လိုပြန်ဖြစ်သွားသည်။ကြုံရင်စားလိုက်တယ်။အိပ်ချင်မှလည်းအိပ်တယ်။အခုလိုStressတွေများပြီးမေ့လဲတာလဲမဆန်းပါဘူး။အရင်ကလည်းဒီလိုနေနေကြပေမယ့်ဂရုစိုက်ပေးတာခံရတော့အကျင့်တွေကပါနေပြီ။ဒါပေမယ့်ဒီလိုဂရုစိုက်မှုတွေကသူ့ကိုချစ်လို့မဟုတ်ဘဲအားနာလို့ဆိုရင်...တကယ်ဘဲအဖေကသူ့ကိုကယ်ရင်းသေသွားရတာဆိုရင်...Baekhyunဆက်မစဥ်းစားရဲတော့ပါ။
တစ်ရက်ကြာပြီးနောက်မှာသူဆေးရုံကဆင်းခွင့်ရခဲ့သည်။ဆေးရုံကဆင်းဆင်းချင်းသူပထမဆုံးလုပ်တာကအငြိမ်းစားယူသွားသောရဲမင်းကြီးဆီသွားတာဘဲ
ရဲမင်းကြီးဟာအသက်၇၀ကျော်ဆိုပေမယ့်အရင်ငယ်ရုပ်တော့မပျောက်သေးပါ။အဖေဆုံးပြီးနောက်မှာသူတို့သားအမိကိုဂရုစိုက်ပေးခဲ့တဲ့ကျေးဇူးရှင်ဖြစ်တာကြောင့်သူ့ဘက်ကလည်းရိုသေသမှုထား၍ဆက်ဆံခဲ့သည်။
YOU ARE READING
Catching a Serial Killer to Get A Detective's Love
Fanfictionဒေါသကြီးပါတယ်ဆိုတဲ့စုံထောက်Byunကိုမှချစ်ဖို့ကောင်းတယ်လို့ထင်နေတဲ့ကြေးစားကြီး၏အချစ်အတွက်ကြိုးပမ်းပုံများ