UNICODE❤
ခင်ဗျားတို့ကArsenic Killerအမှုကိုတာဝန်ယူရတဲ့လူတွေဆိုတာဟုတ်ပါသလား။
နစ်နာသူတွေထဲကတစ်ယောက်ကစုံထောက်Byunရဲ့ညီမဆိုတာဟုတ်ပါသလား။
အခုဒီအမှုရဲ့တရားခံဟုယူဆရတဲ့လူရှိနေပြီဆိုတာရောဟုတ်ပါသလား။
နောက်ထပ်နစ်နာသူတွေမပေါ်ရလေအောင်ဘယ်လိုစစ်ဆင်ရေးမျိုးတွေလုပ်ထားပါသလဲ
တရားခံကိုဘယ်လိုစီရင်မယ်လို့ဆုံးဖြတ်ထားပါသလဲ
စသည့်...
စသည့်...မေးခွန်းတွေကိုလျစ်လျူရှုရင်းလူကိုတက်နင်းတော့မတက်တိုးဝှေ့နေသော်သတင်းထောက်များစွာကိုခက်ခဲစွာတိုးဖြတ်ပြီးမှကားထဲကိုအောင်မြင်စွာရောက်လာခဲ့သည်။
ဟူး...
"အသက်ရှူကျပ်လိုက်တာ""တောင်းပန်ပါတယ်Hyung"
"မင်းအပြစ်မဟုတ်ပါဘူးအမှုစစ်ရဲ့"
"ကဲပါ...ထားလိုက်ပါတော့...သွားရအောင်"
ပြီးခဲ့တဲ့အပတ်က
ဒေါက်တာယန်ဆူချောပြန်သွားပြီးနောက်"Hyung...ကျွန်တော်သိပြီထင်တယ်"
သူပြန်ဖြေတာကိုမစောင့်ဘဲLuhanကသူ့ရဲ့ယူဆချက်ကိုရှင်းပြဖို့ပြင်နေသည်။
"ပထမဆုံးအနေနဲ့တရားခံတွေနဲ့ရင်းနှီးတဲ့နယ်ပယ်တစ်ခုမှာအောင်မြင်နေပြီးယုံကြည်မှုရထားတဲ့လူတွေကိုစဥ်းစားကြည့်တယ်။အဲ့ဒီမှာလူငါးယောက်လောက်ထွက်လာတယ်။ပြီးတော့တရားခံသုံးယောက်လုံးနဲ့ပတ်သတ်နေမယ့်လူမျိုးပေါ့။
အဲ့ထဲကလူလေးယောက်ကသုံးယောက်လုံးနဲ့ဆက်နွယ်မှုမရှိဘူး။ဒါပေမယ့်ဒေါက်တာလီဆူယော့ကျတော့ဂိုအွန်ယောင်းနဲ့ချွဲယောင်ဟီးနဲ့ဆက်စပ်မှုရှိတယ်""လီဆူယော့ကအသက်၃၀နှစ်အရွယ်ဆရာဝန်တစ်ယောက်ပြီးတော့...နူးညံ့ကြင်နာတတ်ပြီးချိုသာယဥ်ကျေးတယ်။ပြီးတော့ပရဟိတလုပ်ငန်းတွေလုပ်ရတာဝါသနာပါတယ်။အဲ့တော့ဒေါက်တာယန်ပြောသွားတဲ့အချက်တွေနဲ့Physicallyအရကိုက်ညီတယ်"
"ဒါပေမယ့်အဲ့တာတစ်ခုတည်းနဲ့တော့..."
အမှုစစ်ကသူ့ကိုစကားဆက်ပြောခွင့်ပင်မပေး...

VOCÊ ESTÁ LENDO
Catching a Serial Killer to Get A Detective's Love
Fanficဒေါသကြီးပါတယ်ဆိုတဲ့စုံထောက်Byunကိုမှချစ်ဖို့ကောင်းတယ်လို့ထင်နေတဲ့ကြေးစားကြီး၏အချစ်အတွက်ကြိုးပမ်းပုံများ