Unicode❤"ဟဲ့နင်တို့ အသစ်ရောက်လာတဲ့အားကစားဆရာအသစ်ကိုမြင်ပြီးပြီလား"
"Arnyi...တော်တော်ကြည့်ကောင်းတယ်လို့တော့ကြားတယ်"
"ငါတော့ညနေခင်းကျရင်ကျောင်းမပြေးတော့ဘူးHee Hee"
ဖုန်း!!!
စကားများနေကြတဲ့ကျောင်းသူနှစ်ယောက်မှာရုတ်တရက်ကျယ်လာစွာထွက်ပေါ်လာတဲ့အသံကြောင့်တုန်တက်သွားသည်။
တွေ့ရတာဝမ်းသာပါတယ်ကလေးတို့!!!
"ဆရာက ဆရာချွဲအစားရောက်လာတဲ့အားကစားဆရာအသစ်ပါ"တစ်ဆိတ်ဒါကြီးကနည်းနည်းoverဖြစ်မနေဘူးလား။ကြိမ်တုတ်လောက်ကိုင်ရင်တော်ရောပေါ့...အခုလိုဘေ့စ်ဘောရိုက်တဲ့တုတ်ကြီးယူလာစရာလိုလို့လား...ပြီးတော့မျက်နှာပေါ်ကအပြုံးကြီးကလည်းကြက်သီးထစရာကောင်းလိုက်တာ
"ဟိုChenဆိုတဲ့ကျောင်းသားသစ် ဆရာ့ကိုမကျေနပ်တာများရှိနေသလား"
သိရက်သားနဲ့မေးနေတဲ့Chanyeolကိုသူစိတ်ထဲကနေပယ်ပယ်နယ်နယ်ဆဲလိုက်သည်။
"မဟုတ်ပါဘူးဆရာ...ကျွန်တော်ကမျက်တောင်ခဏခဏခပ်တတ်တဲ့အကျင့်ရှိလို့ပါ"
"အင်းပါ...အဲ့လိုပြောပြထားတော့အဆင်ပြေတာပေါ့မဟုတ်ရင်ဆရာကိုမျက်စောင်းထိုးတယ်ဆိုပြီးမိဘခေါ်တော့မို့ဟဟဟဟ"
မုန်းဖို့ကောင်းတဲ့မျက်နှာကြီးကမင်းဘာတတ်နိုင်သေးလဲဆိုသည့်အချိုးနှင့်
Park Chanyeolတစ်ယောက်ဟိုဒေါသအိုးစုံထောက်ဆီမှမျက်နှာသာပေးမှုကိုခံချင်တာနဲ့ဒီအချိန်ကုန်လူပန်းပြီးဘာအကျိုးအမြတ်မှမရှိတဲ့Caseကြီးကိုမေတ္တာဖြင့်စုံစမ်းပေးသတဲ့လေ။အခုတော့သူပါထိုဇယားထဲဝင်ပါနေရသည်။
အဖွဲ့အစည်း၏ကိစ္စအဝဝကိုအကိုကြီးKris Wuကိုလွှဲထားပြီးတဲ့နောက်သူလည်းဒီမွှန်နေတဲ့ကောင်နောက်ကိုလိုက်လာရသည်။အကျိုးဆက်ကတော့ဒီတစ်ခေါက်ဆေးအရောင်းအဝယ်ကိစ္စမှာသူတို့ဝေစုမရတော့ခြင်းပင်ဒီကျောင်းမှာရှိနေခိုက်သူ့နာမည်မှာChenဖြစ်ပြီးဟိုငနဲရဲ့နာမည်ကYeol ဖြစ်သည်။ကျောင်းကိုIDအတုနဲ့ဝင်လာတာချင်းတူတူအဲ့ငနဲကကျတော့ဆရာလုပ်ပြီးသူ့ကိုကျတော့ကျောင်းပြောင်းလာတဲ့အထက်တန်း
ကျောင်းသားလိုဟန်ဆောင်ခိုင်းတယ်လေ...အဲ့ကိစ္စနဲ့ပတ်သတ်ပြီးComplainတက်မိတော့ မင်းကငါ့ထက်ပိုတော်လို့ကလေးတွေနဲ့တည့်အောင်ပေါင်းပြီးသတင်းနှိုက်ခိုင်းတာဆိုပဲ

YOU ARE READING
Catching a Serial Killer to Get A Detective's Love
Fanfictionဒေါသကြီးပါတယ်ဆိုတဲ့စုံထောက်Byunကိုမှချစ်ဖို့ကောင်းတယ်လို့ထင်နေတဲ့ကြေးစားကြီး၏အချစ်အတွက်ကြိုးပမ်းပုံများ