Unicode
I, the Lord of sea and sky,
I have heard My people cry.
All who dwell in dark and sin,
My hand will save.
I who made the stars of night,
I will make their darkness bright.
Who will bear My light to them?
Whom shall I send?
စန္ဒရားမှထွက်ပေါ်လာသောတီးလုံးသံသည် တငြိမ့်ငြိမ့်စီးဆင်းနေသောစမ်းရေပမာ...
အနိမ့်အမြင့်အတက်အကျမှန်မှန်ဖြင့် စုပေါင်းသီဆိုနေသောသီချင်းသံသည် ကြားရသူအပေါင်း၏နှလုံးဘဝင်ကိုအစဥ်အေးချမ်းစေသည်။Here I am Lord, Is it I, Lord?
I have heard You calling in the night.
I will go Lord, if You lead me.
I will hold Your people in my heart...
သူအခုတီးနေတဲ့သီချင်းရဲ့နာမည်က" I, the Lord of sea and sky" တဲ့။ မတူညီတဲ့လက်ကွက်
တစ်ခုပြုလိုက်တိုင်း မတူညီတဲ့အသံတစ်သံဖြစ်လာတယ်။ မတူညီတဲ့နုတ်စ်တွေပေါင်းစပ်လိုက်တဲ့အခါ အဓိပ္ပာယ်ရှိတဲ့သီချင်းတစ်ပုဒ်ရလာတယ်။ သူ စန္ဒရား
တီးရတာသဘောကျတယ်။ အထူးသဖြင့် ဘုရားကျောင်းတွေမှာပေါ့။ သူ့လက်ကွက်ကြောင့်
ထွက်လာတဲ့တီးလုံးရဲ့စည်းချက်အတိုင်း သီဆိုနေကြတဲ့လူတွေကိုကြည့်ရတာသဘောကျတယ်။ သူစေရာကရတဲ့ကြိုးဆွဲရုပ်တွေနဲ့တူလို့...ထိုလူတွေရဲ့မျက်လုံးထဲမှာစိတ်အားထက်သန်မှုယုံကြည်မှုတွေကိုလည်းတွေ့ရတယ်။ဂျူလီယို
အသံလာရာကိုကြည့်လိုက်တော့ ဖာသာသောမက်စ်
"ဂျူလီယို
မင်းကိုအကူအညီတောင်းစရာတစ်ခုရှိတယ်""ပြောပါ"
"Sunday တိုင်း တရားဟောပွဲပြီးရင် အပြစ်လာဝန်ခံတတ်တဲ့အမျိုးသမီးငယ်တစ်ယောက်ရှိတယ်။ ငါနဲ့ကြုံနေတာသုံးခါလောက်ရှိပြီ။ သူမရဲ့စိတ်ကျန်းမာရေးအခြေအနေကိုလေ့လာသုံးသပ်ပေးစေချင်တယ်"
"ရပါတယ်။
အခုသူကဘယ်မှာလဲ""မဟုတ်ဘူး။ မင်းငါ့အစားအပြစ်ဝန်ခံတဲ့အခန်းထဲကိုဝင်ပေးပါ။ တစ်ဖက်အခန်းကသူ့စကားတွေကိုနားထောင်ပြီးသူ့အခြေအနေကိုအကဲခတ်ပေးပါ"
YOU ARE READING
Catching a Serial Killer to Get A Detective's Love
Fanfictionဒေါသကြီးပါတယ်ဆိုတဲ့စုံထောက်Byunကိုမှချစ်ဖို့ကောင်းတယ်လို့ထင်နေတဲ့ကြေးစားကြီး၏အချစ်အတွက်ကြိုးပမ်းပုံများ