Part-8

3.1K 421 33
                                    

Unicode❤

လက်ကိုင်ဘုကိုလှည့်ပြီးဝင်လာတဲ့အခါသူ့အခန်းလေးကတော့အရင်လိုမှောင်နေဆဲ...ဒါပေမယ့်အရင်ကနေ့ရက်များနဲ့မတူစွာသူ့စိတ်ထဲမှာပျော်ရွှင်တဲ့မှတ်ဥာဏ်လေးတစ်ခုကိန်းအောင်းနေတယ်...
မီးမဖွင့်ထားပေမယ့်ဘယ်နားမှာဘာရှိတယ်ကအစသူအကုန်သိတယ်။
မှောင်မဲနေတဲ့အခန်းထဲအလင်းရှိတဲ့တစ်ခုတည်းသောနေရာကသူ့ရဲ့စာကြည့်စားပွဲလေး

ဝါကျင့်ကျင့်မီးလုံးလေးများရဲ့အကူအညီနဲ့နံရံမှာကပ်ထားတဲ့ဓာတ်ပုံလေးတွေကိုသေချာမြင်နိုင်တယ်။
များစွာသောဓာတ်ပုံများထဲမှာတစ်ပုံကိုဖြုတ်ပြီးယူကြည့်လိုက်ပြီးနောက်သူပြုံးလိုက်မိတယ်။

"ငါယုံတယ်...မင်းရဲ့ဘဝလေးကဒီထက်ပိုပြီးတောက်ပလာအုံးမှာပါJiwooရေ"

Jiwooဆိုတာသူ့ရဲ့idolလေ...Jiwooကသူ့ကိုပြုံးစေနိုင်တဲ့လူအနည်းငယ်ထဲကတစ်ယောက်ပဲ
ပြီးတော့...ဒီနေ့သူသိပ်ပျော်တယ်

ထို့နောက်စားပွဲပေါ်မှာတင်ထားတဲ့photo standလေးတစ်ခု...

ပြုံးရွှင်နေတဲ့ဇနီးမောင်နှံနှစ်ယောက်ရဲ့ပုံကိုအသာထိတွေ့မိသည်။

"အရင်ထွက်သွားရတာစိတ်မကောင်းပါဘူး...ကိုယ့်ကိုယ်ကိုဂရုစိုက်ကြပါ"

အခုတော့သူအဆင်သင့်ဖြစ်ပြီ...

ထို့နောက်သူSocial Mediaပေါ်ကိုပို့စ်တစ်ခုတင်လိုက်တယ်

"ကျွန်မအခုအဆင်သင့်ဖြစ်ပါပြီ...မနက်ဖြန်ကစပြီးဒီလောကကြီးထဲမှာကျွန်မဆိုတာရှိတော့မှာမဟုတ်ပါဘူး...အားလုံးကိုကျေးဇူးတင်ပါတယ်"

သေဆုံးသူ...ချွဲယောင်ဟီး
အသက်...၂၆နှစ်
သေဆုံးချိန်...၉လပိုင်း၁၉ရက်၉နာရီ၄၅မိနစ်

🚧🚧🚧🚧🚧🚧🚧🚧🚧🚧🚧🚧🚧🚧🚧🚧

ယခုရက်ပိုင်းအတွင်းTrendingဖြစ်နေတဲ့သတင်းတစ်ပုဒ်

Nation's Boyfriendလို့တင်စားခြင်းခံရတဲ့ဟန်ဂျီဝူးစစ်ဆေးမေးမြန်းခြင်း၌ပူးပေါင်းသွားမည်ဟုXX Ent:မှာတရားဝင်ထုတ်ပြန်...

"တကယ်ပဲလား..."

"ဂျီဝူးကအဲ့မိန်းကလေးနဲ့ဘယ်လိုပတ်သတ်နေတာများလဲ"

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now