Part-21(တမန်တော်၏မွေးဖွားခြင်း)

1.4K 230 0
                                    


UNICODE❤

ဂျလောက်

တံခါးဖွင့်သံကြားတာနဲ့သူ့အမေနားကိုပို၍တိုးကပ်မိသည်။စစ်ဒုက္ခသည်တို့အကြောက်လန့်ဆုံးအသံမှာဥသြဆွဲသံဆိုလျှင်သူတို့သားအမိအကြောက်ဆုံးအသံမှာထိုဂျလောက်ဆိုသည့်တံခါးဖွင့်သံဖြစ်သည်။

သူပြန်လာပြီ။
ဒီနေ့သူတို့သားအမိငရဲတွင်းကိုထပ်ဆင်းရအုံးမည်။

ဆွန်းနီ...ဂင်ဆွန်းနီ!!!

"လာ...လာပါပြီ"

ငါခေါ်တာကိုဘာလို့ချက်ချင်းမလာတာလဲ...ဟမ်!

"မ...မဟုတ်ပါဘူး...ဟွန်းလေးဖျားနေလို့သွားကြည့်နေတာပါ"

အ!

မေးရိုးကိုလက်မနှင့်လက်ညှိုးကိုသုံး၍ညှစ်ထားသောကြောင့်မျက်ရည်များလျှံနေသည့်အမေ့ကိုသူတံခါးကြားမှမြင်နေရသည်။အမေကတော့သူ့ကိုအပြင်ထွက်မလာဖို့မျက်လုံးနဲ့သတိပေးနေသည်။

"အမြဲတမ်းဆင်ခြေဆင်လက်တွေချည်းဘဲ...သုံးစားမရတဲ့မိန်းမ"

အ...

ထိုလူကအားနဲ့တွန်းလိုက်တာကြောင့်အမေကလဲကျပြီးခုံစောင်းနဲ့ဆောင့်မိသွားသည်။

အမေ့!

သူပြေးသွားပြီးအမေ့ကိုထူလိုက်တော့သူ့လက်ကိုသွေးပျစ်ပျစ်တွေပေကုန်သည်။သွားပြီအမေခေါင်းပေါက်သွားပြီဘဲ

ဟွန်းလေး...လီဟွန်း!!!

ကျွန်တော့်အမေကိုမထိနဲ့!!!

"ဟက်...ငါ့ကိုပြန်အော်ရဲတယ်ဆိုတော့သိပ်ကိုသတ္တိကောင်းနေတာပေါ့
ကောင်းပြီမင်းကိုဆုံးမပေးမယ်"

သားရေခါးပတ်ကိုဆွဲဆန့်ပြီးစားပွဲကိုရိုက်ချလိုက်သည့်အသံကသူ့နားထဲမှာပဲ့တင်ထပ်နေသည်။

ထို့နောက်သူရှောင်ချိန်မရဘဲသူ့ရဲ့ကျောပေါ်ကျလာတဲ့သားရေခါးပတ်
နောက်တစ်ချက်
နောက်တစ်ချက်

သူတို့သားအမိနှစ်ယောက်ရဲ့ဘဝကြီးကအရှင်လတ်လတ်ငရဲကျနေရသလိုပင်...အတိတ်ကဝဍ်ကြွေးလားဘာလားမသိပေမယ့်...ထိုလူမဆန်တဲ့သတ္တဝါရဲ့စိတ်ထွက်ပေါက်ရှာနှိပ်စက်ခြင်းကိုညတိုင်းခံရသည်။နာရီတိုင်း၊မိနစ်တိုင်း၊စက္ကန်တိုင်းကိုကြောက်ရွံ့မှုများနှင့်ဖြတ်ကျော်ရသည်။

Catching a Serial Killer to Get A Detective's LoveWhere stories live. Discover now