O N E

3.3K 84 2
                                    

(Zawgyi)

                   "P A P E R C U T S "

-ဒုန်း

ခေါင်းရင်းမှ တတီတီနဲ့မြည်နေသော နာရီကို ဒုန်းခနဲထုချလိုက်ပြီးBaekhyunအိပ်ရာကထလိုက်သည်..။
မနေ့ညက Jonginနဲ့စကားပြောတာ ညဥ့်နက်သွားတာမို့ မျက်လုံးတွေကအခုထိကောင်းကောင်းမပွင့်သေး..။

၅မိနစ်လောက်ငူငူကြီးထိုင်နေပြီးမှ ရေချိုးဖို့ရေချိုးခန်းထဲဝင်လိုက်သည်..။
ခနနေရင်မေမေကအခန်းထဲဝင်လာပြီး ကျောင်uးniformထုတ်ပေးထားလိမ့်မည်..။
Baekhyunရေချိုးတာ ကြာနေရင်တော့ရေချိုးခန်းတံခါးကိုတဒုန်းဒုန်းထုပြီး ဆူတော့မှာပါပဲ...။
Baekhyunကဖျားလွယ်အအေးမိလွယ်တတ်တာမို့..။

ရေမြန်မြန်ချိုးပြီး မေမေ ထုတ်ပေးထားတဲ့ uniformကိုဝတ်ကာ မျက်နှာကိုcreamပါးပါးလူးပြီး ရင်ဘတ်ကိုရေမွှေးစွတ်လိုက်သည်..။
မှန်ထဲမှ ကိုယ့်မျက်နှာကို သဘောတကျကြည့်ပြီးမှ အောက်ထပ်ကိုခပ်သွက်သွက်ဆင်းလာခဲ့သည်..။

"Morning မေမေ ''

"လာလာ ကိုယ်တော်လေး ကြာနေတာ အခုပဲတတ်လာတော့မလို့ မင်းအဖေတောင် အစည်းအဝေးရှိလို့ခုလေးတင်ထွက်သွားပြီ''

"ဟင် အာ့ဆိုသားကိုဘယ်သူလိုက်ပို့မှာလဲ ''

ပြောရင်းနဲ့ခုံတွင်ဝင်ထိုင်လိုက်ကာ စားပွဲပေါ်ကပေါင်မုန့်မီးကင်တစ်ချပ်ကိုယူကာ ယိုသုတ်နေလိုက်သည်..။

"ဟဲ့ ဒီတစ်ရက်လေးတော့ Busကား စီးသွားလိုက်လေ ဒါမှမဟုတ် Taxiခေါ်ပေးရမလား''

"ရတယ် လမ်းထိပ်မှပဲ သားဘာသာငှါးပြီးသွားလိုက်မယ် မေမေက Taxiခသာပေးလိုက်''

"အေးအေး ပြီးတာပဲ ကုန်အောင်စားနော် နို့ပါကုန်အောင်သောက် ပိုက်ဆံကိုဧည့်ခန်းကစားပွဲပေါ်တင်ပေးခဲ့မယ် မေမေ ဈေးသွားလိုက်ဦးမယ်''

"ဟုတ် မေ ''

Baekhyun မေမေကျေနပ်အောင် ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်တော့မေမေကသူ့ခေါင်းလုံးလုံးလေးကိုပွတ်သွားသည်..။
အသက်ကြီးမှဒီသားလေးတစ်ယောက်ထဲကိုခက်ခက်ခဲခဲရခဲ့တာမို့ Baekhyun က အိမ်ရဲ့ အသည်းအသက်လေးပါပဲ..။
ပိုးဥသလို ဥပြီး Baekhyun မေမေကသေချာဂရုစိုက်ပြီးပျိုးထောင်လာတာမို့ အခုထိ Baekhyunလက်ကလေး ခြေထောက်ကလေးတွေဆို နူးအိနေတုန်း..။

P A P E R C U T S Where stories live. Discover now