မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၂
Writer - SaungAngel. ( Author _ M )
မနက်၅နာရီခွဲလောက်တွင်ဦးဘုန်းထက်နိုင်ကအိပ်ရာမှနိုးလာခဲ့လေသည်။
“ ဟင်…ဟင်၊ခဏနေကျရင် ငါရဲ့
ဘိုးတော်ကြီးဆီဖုန်းဆက်ပြီးတော့နေလို့ထိုင်လို့
့ကောင်းသွားအောင်ကလိလိုက်အုံးမယ်”ဟုဦးဘုန်းထက်နိုင်ကတစ်ယောက်တည်းတွေးကာရယ်နေမိလေသည်။ထို့နောက်အိမ်အောက်ဘက်ကိုဆင်းလာခဲ့ပြီးတော့အိမ်ပြင်သို့ထွက်ကာလေကောင်း
လေသန့်ကိုရှုလိုက်ပြီးတော့ဒန်းပေါ်တွင်ထိုင်
ကာကောင်းကင်သို့မော့ကြည့်လိုက်လေသည်။“ ကြယ်စင်ဖြူ၊မင်းကဟိုးအမြင့်ကကောင်းကင်
ကြီးပေါ်မှာရှိနေရင်တောင်မှငါဆိုတဲ့ဘုန်းထက်နိုင်က
မင်းကိုမရရအောင်ဆွတ်ခူးမှာပဲ”ဟုတွေးနေတုန်း
“ မနက်စာသုံးဆောင်လို့ရပါပြီသခင်ကြီး”
ဟုမင်းခန့်ကလာပြောသောကြောင့်ဦးဘုန်းထက်နိုင်
ကအိမ်ထဲသို့ပြန်ဝင်ကာထမင်းစားခန်းရှိရာသို့
ဝင်သွားလိုက်ပြီးတော့မနက်စာကိုသုံးဆောင်လိုက်
လေသည်။မနက်စာသုံးဆောင်ပြီးသွားသောအခါ
ဦးဘုန်းထက်နိုင်ကအိမ်ပေါ်ထပ်ရှိသူ့၏အိပ်ခန်း
ရှိရာဆီသို့ပြန်တက်လာခဲ့လိုက်လေသည်။ထို့နောက်
သူ့ဖုန်းထဲကနံပါတ်တစ်ခုကိုနှိပ်လိုက်ပြီးတော့“ ဟဲလို…နေကောင်းပါသလားအဖေ”
ဟုမေးလိုက်လေသည်။
“ အေး…ငါလည်းမင်းဆီကိုဖုန်းဆက်တော့မလို့ပဲ”
ဟုပြောလိုက်သောကြောင့်
“ ဟုတ်လား…ကျွန်တော့်ကိုလက်ထပ်ခိုင်း
မယ့်ကိစ္စကိုထပ်ပြောဖို့ပဲမဟုတ်လား၊အဲဒါဆိုရင်တော့
ဆောရီးပဲဗျာ၊အဖေကစီစဉ်ထားပေးတဲ့မိန်းကလေးကို
ကျွန်တော်ကလက်မထပ်နိုင်ပါဘူး၊ဘာဖြစ်လို့လဲဆို
တော့ကျွန်တော့်ဘဝအတွက်လက်တွဲဖော်ကိုရှာတွေ့
ထားလို့ပဲ၊ပြောလို့ပြီးပြီဆိုတော့ကျွန်တော်ဘက်ကပဲ
ဖုန်းအရင်ချလိုက်တော့မယ်”