မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၁၁

110 6 0
                                    

မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၁၁

Writer - SaungAngel.  ( Author - M )

     “ အမေမသွားပါနဲ့…သားကိုတစ်ယောက်တည်းမထားသွားပါနဲ့”
“အာကာ…ညီလေး…အမေ ညီလေးကိုခေါ်မသွားပါနဲ့နော်”

ဆေးရုံကုတင်ပေါ်မှာယောင်ယမ်းရင်းအော်နေတဲ့
ဦးဘုန်းထက်နိုင်ကိုကြည့်ပြီးတော့…

    “ အာကာ…ဟုတ်လား၊ဦးဘုန်းထက်နိုင်…ခင်ဗျား
ယောင်ယမ်းခေါ်နေတဲ့အာကာဆိုတာခင်ဗျားအနား
မှာရပ်နေတဲ့ဝဏ္ဏကျော်မှန်းသာခင်ဗျားသိရင်ခင်ဗျား
ဘာဆက်လုပ်မှာလဲ”
“လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်
တုန်းကလိုမျိုးစာကျက်နေတဲ့ခင်ဗျားအနားကိုလာမိတဲ့
ကျုပ်ကိုတွန်းချလိုက်သလိုမျိုးအခုကျုပ်သာခင်ဗျားရဲ့
ညီအရင်းမှန်းသာသိရင်ကျုပ်ရဲ့စီးပွားရေးကိုထိခိုက်
အောင်လုပ်ပြီးတော့ကျုပ်ရဲ့ဘဝကိုအောက်ခြေထိ
ရောက်အောင်တွန်းချအုံးမှာပဲမဟုတ်လား”

ဝဏ္ဏကျော်သူ့စိတ်ထဲမှာခံစားနေရတဲ့အတိုင်းစိတ်ထဲမှသာပြောနေလိုက်လေသည်။ဦးဘုန်းထက်နိုင်ကို
တင်ထားတဲ့ဆေးရုံကုတင်နားမှာရပ်နေတဲ့ဝဏ္ဏကျော်
လည်းထိုနေရာမှာသူဆက်မနေချင်တော့တဲ့အ
တွက်ကြောင့်သူ့ဆိုင်ကိုပြန်ဖို့လှည့်အထွက်သူ့ညာဘက်လက်ကောက်ဝတ်ကိုလှမ်းဆွဲရင်း…

     “ အာကာ…အစ်ကို့ကိုခွင့်လွှတ်ပါ”
“အစ်ကို့ကိုခွင့်လွှတ်ပါ…ညီလေးအစ်ကို့အနားကနေထွက်မသွားပါနဲ့”

ယောင်ယမ်းရင်းပြောလိုက်ပြန်တဲ့ဦးဘုန်းထက်နိုင်ရဲ့
စကားတွေကြောင့်ဝဏ္ဏကျော်လည်းထိုလူမဆန်တဲ့
အစ်ကိုဖြစ်သူရဲ့အနားကနေပြေးထွက်သွားချင်နေခဲ့တဲ့သူ့ရဲ့ခြေလှမ်းတွေဘာကြောင့်မှန်းမသိပဲရပ်တန့်သွားခဲ့ရလေသည်။
ထို့နောက်ဝဏ္ဏကျော်လည်းဦးဘုန်းထက်နိုင်ရဲ့ကု
တင်အနားမှာရှိတဲ့ထိုင်ခုံမှာထိုင်ချလိုက်ရင်းမှသူ့ရဲ့ညာဘက်လက်ကောက်ဝတ်ကိုဖမ်းကိုင်ထားတဲ့ထိုလူရဲ့လက်ကိုသူ့ဘယ်ဘက်လက်ဖြင့်အပေါ်ကနေ
ဆုပ်ကိုင်ထားပေးလိုက်မိလေသည်။ထိုသို့
ဦးဘုန်းထက်နိုင်၏လက်ကိုဆုပ်ကိုင်ထားပေးမိတဲ့
ဝဏ္ဏကျော်ရဲ့ရင်ထဲတွင်ထိုလူကိုမုန်းတီးနာကျည်းရမှု
တွေထက်ဘာကြောင့်မှန်းမသိသနားစိတ်ပင်ဝင်သွားမိလေတော့သည်။
.................................................
မင်းခန့်လည်းသခင်ကြီးရဲ့ကျန်းမာရေးအခြေအနေသိရအောင်ဒေါက်တာစိုးပိုင်ဆီကိုသွားကာအသေး
စိတ်မေးပြီးသွားတော့သူလည်းသခင်ကြီးရှိနေတဲ့
ဆေးရုံအခန်းဆီသို့ပြန်လာခဲ့လိုက်လေသည်။မင်းခန့်
လည်းဆေးရုံအခန်းထဲကိုဝင်လိုက်တော့အခုချိန်ထိသူ့သခင်ကြီးဘေးနားမှာစောင့်ပေးနေတဲ့ကိုဝဏ္ဏကျော်
ကိုအားနာမိတဲ့စိတ်ဖြင့်…

မာနမင်းသမီးလေးရဲ့ချစ်သူWhere stories live. Discover now