မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၉

125 4 0
                                    

မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၉

Writer - SaungAngel ( Author - M )

တကယ်တော့မင်းခန့်ကအပြင်ကိုတစ်ယောက်တည်း
ထွက်သွားသည့်သခင်ကြီးအားစိုးရိမ်သည့်အတွက်
ကြောင့်သူလည်းသခင်ကြီးကမောင်းသွားသည့်ကားရဲ့
ခပ်လှမ်းလှမ်းနေရာလောက်ကနေလိုက်ကာကားကို
မောင်းလာခဲ့လေသည်။ကြယ်စင်ဖြူတို့အိမ်၏အရှေ့
ကိုရောက်တော့သခင်ကြီးကကားကိုရပ်လိုက်ပြီးတော့
ဆင်းလာသည့်အတွက်ကြောင့်မင်းခန့်လည်းကား
ကိုခပ်ဝေးဝေးတစ်နေရာတွင်ရပ်လိုက်ပြီးတော့
သခင်ကြီးကိုကားပေါ်ကနေစောင့်ကြည့်နေလိုက်လေ
သည်။ရောက်ပြီးခဏအကြာတွင်သူ့သခင်ကြီးက
ကြယ်စင်ဖြူ၏ခြံအပြင်ဘက်တွင်ဒူးထောက်ထိုင်ချ
လိုက်တာကိုမြင်လိုက်ရလေသည်။သခင်ကြီးက
အချိန်အကြာကြီးဒူးထောက်ကာထိုင်နေပေမယ့်ခြံထဲ
ကနေမည်သူတစ်ဦးတစ်ယောက်တစ်ယောက်မျှထွက်
လာတာကိုမမြင်ရသောကြောင့်မင်းခန့်ကနာရီကိုကြည့်
လိုက်တော့ခုနစ်နာရီတောင်ခွဲနေပြီဖြစ်လေသည်။

     “ ဒီအတိုင်းသာဆက်နေရင်သခင်ကြီးကပင်ပန်း
ပြီးတော့လဲသွားလိမ့်မယ်၊ငါကသခင်ကြီးကိုအိမ်ပြန်
ဖို့သွားပြောမှဖြစ်တော့မယ်”

ဟုတွေးနေတုန်းမိုးကရုတ်တရက်ရွာချလာသော
ကြောင့်မင်းခန့်ကကားပေါ်မှာပါလာတဲ့ထီးကိုယူကာ
ကားပေါ်မှဆင်းလိုက်ပြီးတော့သခင်ကြီးဆီသို့ခပ်မြန်
မြန်လေးလျှောက်သွားလိုက်လေသည်။သခင်ကြီးရဲ့
အနားကိုရောက်သည်နှင့်မင်းခန့်ကသခင်ကြီးအားထီးမိုးထားပေးလိုက်ပြီးတော့

      “ သခင်ကြီး…မိုးကတဖြည်းဖြည်းနဲ့ပိုပြီးတော့
ရွာလာပြီးဆိုတော့အိမ်ကိုပြန်ကြရအောင်နော်”

ဟုပြောလိုက်လေသည်။

        “ မင်းခန့်…ငါကကြယ်စင်ရဲ့ခွင့်လွှတ်ပေးမှုကို
မရမချင်းဒီနေရာကနေမထဘူးလို့ဆုံးဖြတ်ထားတဲ့အတွက်ကြောင့်ငါကမင်းနဲ့ပြန်မလိုက်ခဲ့နိုင်ဘူး၊
မင်းကြောင့်ငါကကြယ်စင်ဖြူရဲ့ခွင့်လွှတ်ပေးမှုကိုမရဘူးဆိုရင်ငါကမင်းကိုတစ်သက်လုံးစကားမပြောတော့ဘူးနော်၊အဲဒါကြောင့်မင်းကငါ့ကိုထားခဲ့ပြီးတော့အိမ်ကိုပဲပြန်လိုက်ပါတော့”

မာနမင်းသမီးလေးရဲ့ချစ်သူWhere stories live. Discover now