မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၁၅

115 3 0
                                    

မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၁၅

Writer - SaungAngel.  ( Author _ M )

နေ့လည်စာစားလို့ပြီးသွားတော့ဦးဘုန်းထက်နိုင်လည်း
သူ့ညီတစ်ဖြစ်လဲဝဏ္ဏကျော်ကိုဆိုင်ရှေ့ထိလိုက်ပို့ပေးလိုက်ပြီးတော့

     “ ဝဏ္ဏ…မင်းလုပ်စရာအလုပ်တွေရှိလာခဲ့ရင်လဲ
မင်းဆိုင်ဝန်ထမ်းတွေလာတဲ့အခါကျရင်သူတို့ကိုခိုင်းလိုက်ပေါ့၊ဒီနေ့တစ်နေ့တော့မင်းလက်ဒဏ်ရာကိုအတတ်နိုင်ဆုံးရေပေးမစိုပါဘူးလို့ငါ့ကိုကတိပေးပါလားကွာ”

သူလည်းသူ့ညီသူ့လိုမျိုးခေါင်းမာတာကိုသိ
သောကြောင့်အခုလိုမျိုးပြောနေရခြင်းပင်ဖြစ်လေ
သည်။

ဝဏ္ဏကျော်လည်းသူ့ဆိုင်ကိုပြန်လာတဲ့လမ်းတစ်
လျှောက်လုံးမှာလဲသူ့ကိုစိတ်ပူလို့ဒီစကားကိုပဲ
အက်ကြောင်းထပ်အောင်မှာနေတဲ့အစ်ကိုဖြစ်သူ
ဦးဘုန်းထက်နိုင်ကိုသူ့အားစိတ်မပူစေချင်သောကြောင့်

    “ ဦးဘုန်းထက်နိုင်…ခင်ဗျားကျွန်တော်ကိုအခုလိုမျိုးစိတ်ပူစကားပြောပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊
နောက်ပြီးတော့ကျွန်တော်ခင်ဗျားစကားကိုနား
ထောင်ပါ့မယ်လို့ကတိပေးပါတယ်ဗျာ”

သူလည်းသူ့အစ်ကိုကိုကတိပြန်ပေးလိုက်လေသည်။

ဦးဘုန်းထက်နိုင်လည်းသူ့ညီဖြစ်သူဆီကတိစကားကိုကြားလိုက်ရတော့ရင်အေးသွားခဲ့ရတဲ့အတွက်ကြောင့်
သူ့ညီတစ်ဖြစ်လဲဝဏ္ဏကျော်ကိုဖက်ထားလိုက်ပြီးတော့

    “ ကျေးဇူးတင်ပါတယ်ဝဏ္ဏ၊မင်းငါ့စကားကိုနား
ထောင်ပေးလို့ကျေးဇူးတင်ပါတယ်ကွာ”

သူလည်းသူ့ဘဝမှအခုမှညီဖြစ်သူကိုနွေးထွေးစွာ
ပွေ့ဖက်ခွင့်ရတဲ့အတွက်ကြောင့်မျက်ရည်များပင်ကျလာခဲ့ရလေသည်။

ဝဏ္ဏကျော်လည်းသူ့အစ်ကိုဦးဘုန်းထက်နိုင်သူ့ကိုလာဖတ်လိုက်တော့သူ့ရင်ထဲမှာသူအမြဲတမ်းမျှော်လင့်နေခဲ့ရတဲ့သူ့အစ်ကိုရဲ့မောင်နှမမေတ္တာကိုရလိုက်တဲ့အ
တွက်ကြောင့်သူလည်းအတိုင်းမသိပျော်ရွှင်ရကာဝမ်းသာမျက်ရည်များပင်ကျလာရလေသည်။ထို့နောက်
ဝဏ္ဏကျော်လည်းကျလာသောမျက်ရည်များကိုသူ့
အစ်ကိုမသိအောင်သုတ်လိုက်ပြီးတော့မှသူ့စိတ်ကိုမထိန်းနိုင်ပဲသူ့ကိုယ်သူအာကာဆိုတာကိုဖွင့်ပြောလိုက်မိမှာကိုစိုးမိတဲ့အတွက်ကြောင့်သူ့ကိုဖက်ထားတဲ့
သူ့အစ်ကိုကိုတွန်းဖယ်လိုက်ပြီးတော့

မာနမင်းသမီးလေးရဲ့ချစ်သူWhere stories live. Discover now