မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၂၁
Writer - SaungAngel. ( Author_ M )၂ ရက်ခန့်ကြာသော်
ကြယ်စင်ဖြူလည်းထိုအန်ကယ်ကြီးတောင်းဆိုထား
တာကိုဒီနေ့အဖြေပြန်ပေးရမှာကိုတွေးကာသူလည်းအိပ်ရာကနေအစောကြီးနိုးနေပေမယ့်လဲစိတ်
ညစ်ညစ်နဲ့သူ့ကိုပေးနေထားတဲ့အခန်းထဲကကုတင်
ပေါ်မှာသာထိုင်နေမိလေသည်။
ထိုစဉ်ကြယ်စင်လည်းသူနေနေတဲ့အခန်းတံခါးပွင့်လာပြီးတော့သူဒီစံအိမ်ကြီးကိုစရောက်တဲ့နေ့ရဲ့ညနေ
လောက်ကတည်းကဒီစံအိမ်ကြီးကိုခရီးဆောင်အိတ်
တွေအများကြီးနဲ့ရောက်ရှိလာခဲ့တဲ့ထိုအန်တီကြီး
ကုတင်ပေါ်မှာစိတ်ညစ်ညစ်နဲ့ထိုင်နေတဲ့သူ့ဆီကို
လျှောက်လာခဲ့ပြီးတော့“ သမီးလေးတောင်နိုးနေပါလား”
“ အန်တီကသမီးလေးမနိုးသေးဘူးထင်လို့လာနိုးတာလေ”သူကိုပြောရင်းမှထိုအန်တီကြီးသူ့အနားမှထိုင်ချလိုက်
ပြီးတော့“ ခဏနေကျရင်အလှဆုံးသတို့သမီးဖြစ်ရတော့မယ့်သူကဘာဖြစ်လို့မျက်နှာကြီးကစူပုပ်နေရတာလဲ
သမီးလေးရယ်”
“ တကယ်တော့သမီးလေးလက်ထပ်ရမယ့်အန်တီရဲ့သားလေးကသမီးလေးကိုတကယ်ချစ်တာပါ
ကွယ်”
“ အဲဒါကြောင့်သမီးလေးအန်တီရဲ့သား
လေးကိုလက်ထပ်ပါ့မယ်လို့အန်တီ့အမျိုးသားလာ
ရင်ပြောလိုက်ပါနော်”
“ သမီးလေးကလိမ္မာပါတယ်ကွယ်”သူ့ကိုစကားတွေပြောရင်းလာဖက်ထားတဲ့အန်တီကြီး
ရဲ့မျက်နှာကိုသူလည်းမော့ကြည့်လိုက်ပြီးတော့“ အန်တီကြီး…တကယ်တော့ကြယ်စင်မှာအရမ်း
ချစ်ရတဲ့ချစ်သူရှိပါတယ်ရှင်”
“ ကြယ်စင်လေဦးဘုန်းက
လွဲပြီးတော့ဘယ်ယောကျာ်းလေးကိုမှလက်မထပ်နိုင်
တာမို့လို့အန်တီကြီးသမီးကိုဒီနေရာကနေထွက်ပြေး
လို့ရအောင်ကူညီပေးပါနော်”
“ အန်တီကြီးရယ်…ကြယ်စင်ဦးဘုန်းနဲ့မခွဲနိုင်လို့ကူညီပေးပါနော်”သူလည်းငိုရင်းနဲ့ထိုအန်တီကြီးကိုအကူအညီတောင်းလိုက်မိလေသည်။
“ သမီးလေး…ဘာကိစ္စထွက်ပြေးဖို့စဉ်းစားနေရ
တာလဲ”ကြယ်စင်လည်းစကားသံနဲ့အတူသူနေနေတဲ့အခန်း
ထဲကိုဝင်လာတဲ့ထိုအန်ကယ်ကြီးကို