မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၂၂ ( The End)

944 7 2
                                    

မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၂၂

( ဇာတ်သိမ်းပိုင်း )

Writer - SaungAngel. ( Author _ M )

🎶🎶🎶🎶🎶🎶🎶🎶🎶

မင်္ဂလာသီချင်းသံနဲ့အတူလျှောက်လမ်းအထက်ကို
လျှောက်လာကြတဲ့သားဖြစ်သူဘုန်းထက်နိုင်နဲ့သူ့တို့ရဲ့
ချွေးမအလောင်းအလျာလေးကြယ်စင်ဖြူတို့ရဲ့ပြုံးပျော်
နေတဲ့မျက်နှာလေးတွေကိုကြည့်ကာ
ဦးထက်နိုင်ကျော်နဲ့ဒေါ်ထားထားခင်တို့ဇနီးမောင်နှံလည်းပျော်ရွှင်ပီတိဖြစ်နေရသလို
ဦးမင်းခန့်လွင်နဲ့ဒေါ်သက်သခင်တို့လည်းခဏလေးတင်ကမှဒီနေ့လက်ထပ်ပွဲရဲ့အဖြစ်မှန်ကိုသိခွင့်ရခဲ့တဲ့
အတွက်ကြောင့်သူတို့နှစ်ဦးလည်းကလေးနှစ်ယောက်မခွဲခွာရတော့တဲ့အတွက်ကြောင့်ပျော်လို့မဆုံးဖြစ်နေ
ကြရလေသည်။
ထိုနည်းတူစွာအာကာကျော်နဲ့ပွင့်ဖူးခင်တို့လည်း
သူတို့နှစ်ဦးတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်
တစ်ဖက်သတ်ချစ်နေမိကြတာကိုသိလိုက်ရတဲ့အပြင်
အာကာကျော်ကသူ့အစ်ကိုနဲ့သူ့မရီးတို့နှစ်ဦးမခွဲခွာရ
ပဲနဲ့လက်ထပ်ရတာကိုသူလည်းပျော်ရွှင်ရသလို
ပွင့်ဖူးခင်လည်းမင်္ဂလာလျှောက်လမ်းအထက်မှာပြုံး
ပျော်နေတဲ့ညီမဖြစ်သူကြယ်စင်ရဲ့မျက်နှာလေးကိုကြည့်ကာသူလည်းထပ်တူပျော်ရွှင်နေရလေသည်။

ဦးဘုန်းထက်နိုင်နဲ့ကြယ်စင်ဖြူတို့လည်းမင်္ဂလာစင့်မြင့်
ရှိရာဆီကိုရောက်တော့သူတို့နှစ်ဦးရဲ့
လက်ထပ်လက်စွပ်ကိုအပြန်အလှန်လဲလှယ်
ဝတ်ဆင်လိုက်ကြပြီးတာနဲ့သူတို့နှစ်ဦးရဲ့ပျော်ရွှင်ဖွယ်
ကောင်းလွန်းလှတဲ့မင်္ဂလာအခမ်းအနားလေးကိုစ
တင်လိုက်ကြလေတော့သည်။
..............................................................
အချိန်အနည်းငယ်ကြာမြင့်သွားပြီးတဲ့အချိန်တွင်တော့
ဦးဘုန်းထက်နိုင်နဲ့ကြယ်စင်ဖြူတို့ရဲ့မင်္ဂလာပွဲအခမ်းအ
နာပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ကြောင့်သူတို့နှစ်ဦးလည်းနှစ်ဖက်မိဘတွေကိုကန်တော့လိုက်ပြီးတာနဲ့
သူတို့နှစ်ဦးရဲ့မင်္ဂလာနေအိမ်ဖြစ်တဲ့ရွှေနံ့သာစံအိမ်ကြီး
ရှိရာဆီသို့ပြန်ဖို့အတွက်သူတို့နှစ်ဦးအတွက်
ပြင်ဆင်ထားပေးတဲ့ကားရှိရာဆီသို့လက်တွဲရင်းနဲ့
လျှောက်လာခဲ့ကြလေသည်။
ဦးဘုန်းထက်နိုင်လည်းကားရှိရာဆီကိုရောက်တော့
သူ့တို့နှစ်ဦးအတွက်ကားအနောက်ခန်းတံခါးကြိုဖွင့်
ထားပေးတဲ့မင်းခန့်ကို

မာနမင်းသမီးလေးရဲ့ချစ်သူWhere stories live. Discover now