မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၁၇
Writer - SaungAngel. ( Author _ M )
ကြယ်စင်လည်းသူ့ကိုရှင်းပြလိုက်တဲ့အဒေါ်ကြီးရဲ့စကားအဆုံးမှာတော့သူလည်းထိုအန်ကယ်ကြီး
ကိုကြည့်ကာ“ အန်ကယ်ကြီး…တကယ်ပဲကြယ်စင်ရဲ့အဖေအရင်းလားဟင်”
သူလည်းသိချင်စိတ်နဲ့မေးလိုက်လေသည်။
ဦးမင်းခန့်လွင်လည်းသူ့ကိုမေးနေတဲ့သမီးလေး
ကြယ်စင်ကို“ ဟုတ်ပါတယ်…အန်ကယ်သမီးရဲ့အဖေအရင်းပါ”
“အဲဒီတုန်းကသာသမီးတို့ရဲ့အမေကိုအဖေသေချာရှင်းပြဖို့ကြိုးစားခဲ့ရင်အခုလိုမျိုးအဖေ့သမီးလေးတို့ညီအစ်မနှစ်ယောက်စလုံးတကွဲတပြားနဲ့နေခဲ့ရမှာမ
ဟုတ်ပါဘူးကွယ်”
“ အဲဒါကြောင့်အသုံးမကျတဲ့အဖေ့ကိုခွင့်လွှတ်
ပေးပါသမီးတို့ရယ်”ဦးမင်းခန့်လွင်လည်းပြောလိုက်ပြီးတာနဲ့သူ့သမီး
နှစ်ယောက်စလုံးကိုဖက်ကာငိုလိုက်မိလေသည်။“ ရှင်ဘာကိစ္စနဲ့ကျွန်မသမီးကိုလာဖက်ထားရတာလဲ”
“ ကျွန်မသမီးလေးကြယ်စင်ရှင့်နဲ့ဘာမှမပတ်
သတ်တဲ့အတွက်ရှင်ကျွန်မသမီးလေးနဲ့ဝေးဝေးမှာနေပါ”
သူဖက်ထားတဲ့သမီးနှစ်ယောက်ထဲကနေသမီးငယ်
လေးကိုသာဆွဲခေါ်သွားတဲ့သူ့ဇနီးဖြစ်သူရဲ့အပြုအမူ
ကြောင့်စိတ်မကောင်းဖြစ်သွားရတဲ့သမီးကြီးပွင့်ဖူးရဲ့
မျက်နှာကိုကြည့်ကာဦးမင်းခန့်လွင်လည်း“ သက်သခင်…ဘာဖြစ်လို့ဒီလိုစကားမျိုးပြောရတာလဲ”
“ကြယ်စင်ကမင်းရဲ့သမီးဖြစ်သလိုကိုယ့်ရဲ့သမီးပဲလေ”
“ နောက်ပြီးတော့မင်းမှာပွင့်ဖူးခင်ဆိုတဲ့သမီးလေးလည်းရှိသေးတယ်ဆိုတာမင်းမေ့နေပြီလား”
“မင်းဘာဖြစ်လို့သမီးငယ်လေးကိုပဲမင်းရဲ့သမီးလို့
ပုံသေသတ်မှတ်ထားရတာလဲ”
“ မင်းရဲ့လုပ်ရပ်ကသမီးနှစ်ယောက်စလုံးကို
သက်သက်မဲ့သွေးကွဲအောင်လုပ်နေတာနဲ့တူနေပြီ”
“ မင်းသာမိခင်ကောင်းတစ်ယောက်ဆိုရင်က
လေးနှစ်ယောက်ကိုအခုလိုမျိုးခွဲခြားဆက်ဆံဖို့မသင့်ဘူးလို့ကိုယ်ထင်တယ်သက်သခင်”