မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၁၈
Writer - SaungAngel ( Author _ M )
“ အန်တီ…ဒါဆိုရင်ကျွန်တော့်အမေဘယ်အချိန်
လောက်မှာဆုံးသွားခဲ့တာလဲခင်ဗျာ”ဦးဘုန်းထက်နိုင်လည်းသိချင်စိတ်နဲ့မေးကြည့်လိုက်
တော့“ မမထိပ်ထား…သူ့အမျိုးသားနဲ့ကွာရှင်းပြီးလို့
တစ်နှစ်မပြည့်တပြည့်အချိန်မှာဆုံးသွားခဲ့တာပါ”
”အဲဒီအချိန်မှာသွေးသားရင်းချာတွေလဲတစ်
ယောက်မှမရှိတဲ့မမရဲ့နောက်ဆုံးခရီးကိုအန်တီတို့ပဲလိုက်ပို့ပေးခဲ့တာပေါ့ကွယ်”သူလည်းကြယ်စင်ရဲ့အမေဆီကနေကြားလိုက်ရတဲ့
စကားကြောင့်သူ့တို့သားအဖကိုစိတ်မပင်ပန်းစေချင်လို့
တစ်ယောက်တည်းရောဂါဝေဒနာကိုကြိတ်မှိတ်ခံစား
ပြီးတော့နောက်ဆုံးခရီးကိုတောင်သူတို့သားအဖမပါ
ပဲသွားခဲ့ရတဲ့သူ့အမေရဲ့အဖြစ်ကိုသိကာသူလည်း
မျက်ရည်များပင်ကျလာရလေသည်။ကြယ်စင်လည်းငိုနေတဲ့ဦးဘုန်းရဲ့အနားကိုသွားကာထိုင်ခုံမှာထိုင်လိုက်ပြီးတော့စားပွဲပေါ်မှာတင်ထားတဲ့
တစ်ရှူးဘူးထဲမှတစ်ရှူးကိုထုတ်လိုက်ပြီးတော့
ဦးဘုန်းကိုကမ်းပေးလိုက်ရင်းမှ“ ဦးဘုန်း…ကြယ်စင်တို့ကိုအားမနာပဲနဲ့
အားရအောင်ငိုလိုက်ပါနော်”
“ ဒါမှဦးဘုန်းရင်ထဲမှာကြိတ်မှိတ်ပြီးတော့မခံစားရမှာလေ”သူလည်းပြောလိုက်ရင်းမှငိုနေတဲ့ဦးဘုန်းရဲ့လက်နှစ်
ဖက်ကိုသူ့လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားပေးလိုက်
လေသည်။ဦးဘုန်းထက်နိုင်လည်းသူ့အနားမှာနေကာသူ့လက်
နှစ်ဖက်ကိုဆုပ်ကိုင်ထားပေးတဲ့ကြယ်စင်ကိုသူလည်း
ငိုနေရင်းကနေ“ ကြယ်စင်…ကိုယ်ဝမ်းနည်းနေရတဲ့အချိန်မှာမင်း
ကိုယ့်အနားမှာရှိနေပေးလို့ကိုယ်မင်းကိုကျေးဇူးတင်ပါ
တယ်ကွာ”သူလည်းပြောလိုက်ပြီးတာနဲ့ငိုနေတာကိုရပ်လိုက်ပြီး
တော့မှ“ အန်ကယ်…ကျွန်တော့်အမေအရင်းမှာထားထား
ခင်ဆိုတဲ့ညီမရှိတယ်ဆိုတာအန်ကယ်ဘယ်လိုလုပ်သိခဲ့ရတာလဲခင်ဗျား”