မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၁၆
Writer - SaungAngel. ( Author _ M )
ပွင့်ဖူးခင်လည်းသူ့အဖေလူတွေကြားထဲမှာတစ်
ယောက်ယောက်ကိုလိုက်ရှာနေတယ်လို့ထင်မိတဲ့အတွက်ကြောင့်သူလည်းသူ့အဖေရဲ့အနောက်ကို
လိုက်သွားလိုက်ပြီးတော့သူ့အဖေအနားကိုရောက်ခါနီးတော့
“ အဖေ…အဖေ…အဖေ…”သူလည်းသူ့အဖေကိုလှမ်းခေါ်လိုက်လေသည်။
ဦးမင်းခန့်လွင်လည်းသူ့အနောက်ဘက်ကနေသူ့သမီးပွင့်ဖူးခင်ခေါ်လိုက်တဲ့အသံကိုစင့်မြင့်အထက်မှာဖွင့်ထားတဲ့DJသံတွေကြားကနေခပ်သဲ့သဲ့လေးကြားလိုက်တဲ့အတွက်ကြောင့်သူလည်းလှည့်လိုက်ပြီးတော့
“ သမီးဘာဖြစ်လို့လဲ”
သူလည်းသူ့သမီးကိုစိတ်ပူမိတဲ့စိတ်နဲ့မေးလိုက်လေသည်။
ပွင့်ဖူးခင်လည်းသူ့ကိုမေးနေတဲ့သူ့အဖေကို
“ အဖေ…သမီးဘာမှမဖြစ်ပါဘူး”
“ အဖေတစ်ယောက်ယောက်ကိုလိုက်ရှာနေတာကိုတွေ့လို့အဖေဘယ်သူ့ကိုရှာနေတာလဲလို့မေး
ကြည့်တာပါ”ဦးမင်းခန့်လွင်လည်းသူ့သမီးရဲ့စကားအဆုံးမှာတော့
သူ့လက်ထဲမှာဆုပ်ကိုင်ထားတဲ့ဆွဲကြိုးလေးကိုသူ့သမီးလေးကိုပြလိုက်ရင်းမှ“ သမီးလေးပွင့်ဖူး…ဒီဆွဲကြိုးပိုင်ရှင်ကလေးမလေးခဏတုန်းကအဖေ့ကိုဝင်တိုက်ရင်းနဲ့သူ့ဆွဲကြိုးလေးကျကျန်ခဲ့တာလေ”
“ အဖေဒီဆွဲကြိုးကိုမြင်မြင်ချင်စစ်ကြည့်လိုက်
တော့လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်း
သမီးလေးတို့ညီအစ်မနှစ်ယောက်အတွက်
အဖေကိုယ်တိုင်ပန်းထိမ်ဆရာကိုဒီဇိုင်းဖော်ခိုင်းထားတဲ့ဆွဲကြိုးလေးဖြစ်နေတယ်လေ”
“ အဖေ့အထင်တော့အဖေသမီးရဲ့ညီမလေး
ကြယ်စင်ဖြူကိုပြန်ရှာတွေ့ပြီထင်တယ်သမီးရယ်”
“ အဲဒါကြောင့်အဖေလည်းသမီးရဲ့ညီမလေးကို
လိုက်ရှာနေပေမယ့်လူတွေအများကြီးကြားထဲမှာသူ့ကိုဘယ်လိုမှပြန်ရှာလို့မတွေ့သေးဘူးကွယ်”သူလည်းသူ့သမီးငယ်လေးကြယ်စင်ဖြူကိုရှာလို့မတွေ့သေးတဲ့အကြောင်းကိုသူ့သမီးကြီးပွင့်ဖူးခင်အား
ပြောပြလိုက်ခြင်းပင်ဖြစ်လေသည်။