မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း - ၃

183 8 0
                                    

မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၃

Writer - SaungAngel. ( Author _ M )

ကြယ်စင်ဖြူလည်းခြံထဲမှထွက်သွားသောဟိုလူရဲ့
နောက်ကျောကိုကြည့်ပြီးတော့ဘာကြောင့်မှန်းမသိ
ပဲစိတ်ထဲတွင်စိတ်ပူနေမိသည်။ကြယ်စင်ဖြူလည်း
အိမ်ထဲသို့ပြန်ဝင်လာခဲ့ပြီးဧည့်ခန်းရှိထိုင်ခုံတွင်ထိုင်ချ
လိုက်လေသည်။

          “ သမီး၊ဘာဖြစ်လို့ဟိုကောင်လေးရဲ့ခေါင်း
ကိုခဲနဲ့ပစ်ရတာလဲ၊သူ့ခမျာဘယ်လောက်တောင်နာ
သွားမလဲ”

ဟုပြောနေသောအမေ့ကိုကြယ်စင်က

          “ အမေကကြယ်စင်ရဲ့လုပ်ရပ်တွေအားလုံးကိုတွေ့လိုက်တာပေါ့နော်”

ဟုမေးနေသောသမီးငယ်လေးကိုဒေါ်သက်သခင်က

       “ ဟုတ်တယ်သမီး၊ဘာဖြစ်လို့အဲဒီလိုမျိုးလုပ်
ရတာလဲကွယ်၊အမေကသမီးလေးကိုယဉ်ကျေးလိမ္မာ
တဲ့သမီးလေးပဲဖြစ်စေချင်တာလေ၊နောက်ဆိုရင်လူ
တစ်ဖက်သားကိုအဲဒီလိုမျိုးမလုပ်ပါနဲ့ကွယ်”

ဟုသူ့အားဆုံးမနေသောအမေ့စကားကိုကြယ်စင်ဖြူ
က

        “ ဟုတ်ကဲ့ပါအမေ၊နောက်ဆိုရင်မလုပ်တော့ပါဘူး၊ဟိုလေ…အမေ၊ကြယ်စင်ကအခန်းထဲသွားပြီး
တော့နားတော့မယ်နော်”

ဟုပြောပြီးအိပ်ခန်းရှိရာဆီသို့တက်သွားသောသမီး
ငယ်လေးကိုကြည့်ပြီး

        “ သမီးလေးကအရင်တုန်းကဒီလိုလုပ်ရပ်မျိုး
မလုပ်တတ်ပါဘူး၊ဒီကောင်လေးနဲ့ဆုံပြီးတော့မှ
သမီးလေးကဘာဖြစ်လို့ဆိုးလာရတာလဲ”

ဟုတွေးနေမိလေသည်။

ကြယ်စင်လည်းအိပ်ခန်းထဲသို့ဝင်လိုက်ပြီးတော့
ကုတင်ပေါ်တွင်ထိုင်ကာ

         “ ဟိုလူကဘာဖြစ်လို့ငါ့ဖုန်းကိုယူသွားရတာ
လဲ၊ပြီးတော့လာပြန်ပို့တဲ့အပြင်ငါ့လုပ်ရပ်ကိုလည်း
စိတ်လည်းမဆိုးဘူး၊သူ့နေရာမှာတခြားသူတစ်ယောက်
သာဆိုရင်ငါ့ကိုအကြီးအကျယ်ဒေါသထွက်ပြီးတော့
ပြဿာနာရှာမှာပဲ၊သူကငါ့ကိုပြဿာနာမရှာတဲ့အပြင်
သူကိုလုပ်လိုက်ရတာပျော်လားလို့လဲမေးသေးတယ်၊
ပြီးတော့ဖုန်းကိုပြန်ပေးပြီးတော့ထွက်သွားတာ
ဘာကြောင့်လဲဆိုတာစဉ်းစားလို့ကိုမရဘူး”
        “ ငါကရောသူ့ကိုတွေ့တိုင်းဘာဖြစ်လို့ပြဿာနာရှာမိနေတာလဲ၊မသိတော့ဘူးကွာ…အိပ်တာပဲကောင်း
တယ်”

မာနမင်းသမီးလေးရဲ့ချစ်သူWhere stories live. Discover now