မာနမင်းသမီးလေးရဲ့ချစ်သူ အပိုင်း ၇
Writer - SaungAngel. ( Author _ M )
အိမ်ကိုပြန်ရောက်လာသည့်သမီးလေး၏မျက်နှာက
ငိုထားသည့်ပုံပေါ်နေသည့်အတွက်“ သမီး…အမေ့ဆီခဏလာပါအုံးကွယ်”
ဟုဒေါ်သက်သခင်ကဧည်ခန်းတွင်ထိုင်နေရင်းမှလှမ်း
ခေါ်လိုက်ခြင်းဖြစ်လေသည်။သူ့အားတစ်ပတ်ကြာသည့်အထိစကားမပြောပဲနေနေတဲ့အမေကခေါ်လိုက်သောကြောင့်ကြယ်စင်လည်း
အမေ့ဆီပြေးသွားလိုက်ပြီးတော့အမေ့ကိုဖက်
လိုက်ပြီးတော့အမေ့ရင်ခွင်ထဲမှာငိုချလိုက်မိလေသည်။သမီးဖြစ်သူကသူ့အားဖက်ကာရှိုက်ကြီးတငင်ငိုနေ
သောကြောင့်ဒေါ်သက်သခင်လည်းရင်ပူသွားကာ“ သမီး…ကြယ်စင်၊ဘာဖြစ်လို့ငိုနေရလဲဆိုတာကို
အမေ့ကိုပြောပါအုံးကွယ်၊အမေ့ကိုပြောမှအမေကသမီး
ကိုကူညီလို့ရမှာပေါ့”ဟုပြောနေသောအမေ့ကိုမော့ကြည့်ကာ
“ အဟင့်…အဟင့်…သမီးကို…အဟင့်…
ဦးဘုန်းထက်နိုင်ကလူလယ်ခေါင်မှာအရှက်ရအောင်
လုပ်ထည့်တယ်အမေ…အဟင့်…အဟင့်…”ဟုပြောလဲပြောငိုလဲငိုနေသည့်သမီးငယ်လေး၏စကား
ကြောင့်“ ဘာ…မောင်ဘုန်းထက်နိုင်ကငါ့သမီးလေးကို
များအရှက်ရအောင်လုပ်တယ်ပေါ့လေ၊နေပါဦးအဲဒီ
ကောင်ကငါ့သမီးကိုဘာလို့အရှက်ရအောင်လုပ်တာ
လဲဆိုတော့ပြောအုံးလေသမီး၊အမေ့ရင်တစ်ခုလုံး
ပူလောင်လွန်းလို့မြန်မြန်ပြောပါကြယ်စင်ရယ်"ဟုဒေါ်သက်သခင်ကသမီးလေးကိုစိတ်ပူတဲ့စိတ်
လွန်ကဲစွာမေးနေမိလေသည်။“ အိမ်ကနေထွက်ပြီးတော့ဘယ်လောက်မှမကြာ
သေးဘူးအမေရယ်၊သမီးရဲ့ကားအရှေ့ကိုကားတစ်စီးကအရှိန်နဲ့ကွေ့ရပ်လိုက်တာလေ၊သမီးကလန့်သွားတာရော၊ဒေါသထွက်သွားတာရောကြောင့်ကားပေါ်က
မဆင်းပဲဘယ်လိုလူလဲဆိုတာသိချင်လို့စောင့်ကြည့်မိတာ၊အဟင့်…အဟင့်…အဟင့်…ကားကိုပိတ်ရပ်ထားတဲ့လူကဆင်းလာတာတွေ့တော့သေချာကြည့်တော့မှဟိုလူယုတ်မာမှန်းသိတာပါအမေ၊အဲဒီလူကအရင်တုန်းကကားနဲ့မဟုတ်တော့သမီးလည်းသူ့မှန်းမသိ
လိုက်တာပါ၊အဲဒီလူကကားမှန်ကိုလာခေါက်နေတော့
ကြယ်စင်လည်းကြောက်လို့ကားတံခါးကိုမဖွင့်ပေးပဲနဲ့
နေလိုက်တာ၊အဲဒါကိုဟိုလူယုတ်မာကကားမှန်ကိုခွဲပြီး
တော့ကားပေါ်တက်လာတယ်၊ပြီးတော့…အဟင့်…အဟင့်…အဟင့်…အဲဒီလူယုတ်မာကြီးကကြယ်စင်ရဲ့
နှုတ်ခမ်းကိုနမ်းထည့်တယ်အမေ၊ကြယ်စင်ကသူ့ကို
ထုရိုက်နေပေမယ့်သူ့ကသမီးကိုမလွှတ်ပေးဘူးအမေ၊
အဲဒီလူယုတ်မာကောင်ကသူကလုပ်ချင်တာကို
လုပ်ဝပြီးတော့မှကားပေါ်ကနေမဆင်းခင်သူကသမီးကိုလက်ထပ်ခွင့်တောင်းထားတာကိုသူ့ဘက်ကနေဖျက်သိမ်းပေးတယ်လို့ပြောပြီးတာနဲ့သမီးရဲ့ကားပေါ်ကနေဆင်းသွားတာလေ၊အဲဒါတောင်အရှက်မရှိတဲ့မျက်နှာနဲ့သူ့ကားသော့ကိုလာပေးပြီးတော့သူ့ကားနဲ့
ပြန်ဖို့လာပြောတယ်အမေ၊သူ့လုပ်ရပ်ကြောင့်လူတွေကဝိုင်းပြီးတော့ကြည့်နေကြတာကိုတွေ့တော့သမီးလေ
ရှက်လွန်းလို့သေတော့မယ်အမေရယ်၊သမီးလေအဲဒီဘုန်းထက်နိုင်ဆိုတဲ့လူယုတ်မာကောင်ကိုသတ်ပစ်
ချင်လောက်အောင်မုန်းတယ်အမေ”